အပိုင်း- 35

61 0 0
                                    

...

...

...

(unicode )

ဒီလိုနဲ့နှစ်ယောက်သားကန်တော်ကြီးကနေထွက်လာခဲ့လိုက်ကြပြီး...စက်ရိုင်းအိမ်ရှိရာဆီသို့ဦးတည်လိုက်သည်...လမ်းတွင်တော့...လှိုင်းရေစင်က..."ကိုကြီးအိမ်ကကျွန်တော့ပစ္စည်းတွေကိုတော့...နောက်မှကားနဲ့ထည့်ပေးလိုက်ပေါ့..."ဟု...ပြောရင်း...အဝတ်အစားတွေကိုတော့...အကိုမှိုင်းဆေးရုံသွားတဲ့အချိန်မှာမှ...လာယူမဲ့အကြောင်းကိုပါထပ်ဖြည့်လို့ပြောနေ၏......သူလှည့်ကြည့်လိုက်ပြီး....မင်းအကိုမှိုင်းကတော့...သူ့ကိုနှုတ်မဆက်ပဲပြန်သွားလို့စိတ်မကောင်းဖြစ်နေတော့မှာပဲ...ဟုဆိုလိုက်တော့...."ကိုကြီးကကောင်းသလိုကြည့်ပြောထားပေးပါလားဟင်..."လို့မျက်နှာငယ်လေးဖြင့်ပြန်ပြောလာခဲ့လို့...သူမှာခေါင်းငြိမ့်ပြလိုက်ပြီး..."အဆင်ပြေမှာပါ...အဆင်ပြေသွားမှာပါ..."ဟုတစ်ဖွဖွပြောကာနှစ်သိမ့်ပေးလိုက်ရတော့သည်....ဒီလိုနဲ့လှိုင်းရေစင်ကိုဝင်ပို့ပေးထားခဲ့ပြီးသူ့အိမ်ရှိရာဆီကိုပြန်လာတဲ့လမ်းပေါ်ရောက်တော့....ညစာစားချိန်ကိုတောင်ကျော်လုနီးပါးဖြစ်နေပြီမလို့ကားကိုအရှိန်တင်လိုက်သည်...အိမ်ရှေ့ကားထိုးရပ်လိုက်ပြီးသူကားပေါ်ကဆင်းလိုက်တာနဲ့ကလေးလေးကအိမ်ထဲကနေပြေးထွက်လာခဲ့ပြီး...သူ့လက်မောင်းကိုလှုပ်ကိုင်ရင်းငိုတော့မဲ့မျက်နှာဖြင့်ပြောလာလေ၏....

"ကိုကို..လှိုင်းလေးကလေ....ခုထိအိမ်ပြန်ရောက်မလာသေးဘူး...လမ်းကမကျွမ်းတာနဲ့တစ်ခုခုများဖြစ်နေတာလားမသိဘူးနော်...ကျွန်တော်စက်ရိုင်းကိုဖုန်းဆက်တော့လဲမလာပါဘူးဆိုပြီးပြောလို့..ကျွန်တော်က..မယုံတာနဲ့...ကိုနွယ်နောင်းကိုပြန်မေးကြည့်တော့လဲရောက်မလာဘူးပဲပြောနေတယ်...လုပ်ပါဦးကိုကိုရယ်..ကျွန်တော့ရင်တွေပူနေပြီ....လှိုင်းလေးဖုန်းကလဲဆက်ပိတ်ထားတယ်ပဲအော်နေတယ်...မဟုတ်မှလွဲ...လှိုင်းလေးက..လှိုင်းလေးက.လူ..လူရောင်းစားခံလိုက်ရပြီလားမသိဘူး.."

ကလေးလေးကပြောရင်းငိုပါငိုလာခဲ့တော့၏...သူ့မှာထိုဖြစ်အင်ကိုကြည့်ပြီး.....သနားလွန်းလို့.....ဘယ်လိုစကားမျိုးကိုတောင်မှ...ပြန်မပြောနိုင်ဖြစ်သွားရပြီး..ရပ်လို့သာကြည့်နေမိတော့သည်...

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now