အပိုင်း-16

86 4 0
                                    

...

...

...

(unicode )

သူလှေကားထစ်လေးတွေကိုတစ်ဆင့်ခြင်းနင်းလျှောက်ပြီး..အောက်ထပ်ကိုဆင်းလာခဲ့သည်...ပြီးရင်တော့သူ့ခြေလှမ်းတို့ကိုအိမ်ရှေ့အိမ်ထောင့်က..မန်းကျည်းပင်ကြီးဆီကိုဦးတည်လိုက်သည်.....နားကြပ်တပ်ပြီးသီချင်းနားထောင်နေတဲ့လှိုင်းရေစင်ဘေးဝင်ထိုင်ချလိုက်သည်....လှိုင်းရေစင်ကတော့..မန်းကျည်းပင်..ပင်စည်ကိုကျောမှီပြီးမျက်စိမှိတ်သီချင်းနားထောင်နေလေသည်....သူကတော့ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်....လမင်းကြီးက..သူ့ကိုရွန်းပပကြီးကိုပြုံးပြခဲ့တော့သည်.....မျက်စိမှိတ်ခံစားကြည့်လိုက်သည်....တိုးညှင်းလှတဲ့လေတိုးသံလေးတွေ.....လရောင်ဖြာကျမှု့ရဲ့..အထိအတွေ့လေးတွေ.....သူ့နားရွက်ဖျားတွေကိုဖြတ်တိုက်သွားတဲ့..လေအေးအေးလေးတွေ....

အေးချမ်းလိုက်တာ.....

"🎵🎵ဟိုအဝေးကြီးကိုငေးကာ..စိတ်တွေလေးလံနေခဲ့တယ်..🎵🎵

🎵🎵ဟူး..မင်းမသိလိုက်ဘဲ..ရူးခဲ့တဲ့..နေ့ရက်တို့..တွေးကာကြေကွဲနေတယ်....🎵🎵

🎵🎵မင်းရဲ့အနားမှာ..အရိပ်လို..အမြဲငါခိုကပ်ခဲ့ပေမဲ့...🎵🎵

🎵🎵နင်မမြင်နိုင်ခဲ့ပါ..ငါမကြေငြာခဲ့တယ်...အချစ်ကို...🎵🎵

🎵🎵အနီးလေးရှိပေမဲ့..ရင်ခုန်သံများက..မိုင်တွေခြားနေခဲ့..🎵🎵

🎵🎵မှင်နီတွေတားကာ..နင်ရက်စက်လဲ..ငါကျေနပ်တယ်...🎵🎵

🎵🎵မြင်နေခွင့်လေးပေး..မြင်နေခွင့်လေးပေးနေတိုင်း....🎵🎵"

သူ့နားထဲကသီးချင်းသံက..သူ့ရင်ကိုဓါးနဲ့..မွှန်းနေသလို....သူ့ဘေးကိုကြီးဝင်ထိုင်လာမှန်းသိပေမဲ့သူလှည့်မကြည့်ဖြစ်......သူလှည့်မကြည့်ဖြစ်သလို..မှိတ်ထားတဲ့မျက်လုံးတွေကိုလဲ..မဖွင့်ဖြစ်ပါပဲ..ဒီတိုင်း..ဒီတိုင်းလေးသာ..ပြောလိုက်သည်....

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now