အပိုင်း- 24

94 3 0
                                    



...

...

...

(unicode )

"ဒေါက်!!!..ဒေါက်!!!..ဒေါက်!!!...."

အပြင်ကတံခါးခေါက်သံကြောင့်...ဆန့်ဆန့်ကြီးလှဲပြီး..ဖုန်းသုံးနေတဲ့သူ...ကုတင်ပေါ်ကနေပျင်းတိပျင်းရွဲနဲ့..ဆင်းလိုက်ပြီး...တံခါးကိုသွားဖွင့်ပေးလိုက်သည်...သူတံခါးဆီသွားနေတဲ့အချိန်ခနလေးကိုတောင်မစောင့်ပဲ...အဆက်မပြတ်ခေါက်နေတဲ့..အသံကြောင့်..သူနှုတ်ကနေလဲ..."လာပြီ..လာနေပါပြီ..."..လို့အော်ပြောလိုက်ရသေး၏...

"အား!!...."

တံခါးဆွဲဖွင့်ဖွင့်ချင်း...မြင်လိုက်ရတဲ့မျက်ခွက်ကြီးကြောင့်အလန့်တကြားနဲ့အော်လိုက်ပြီးတံခါးကိုအတင်းပြန်ပိတ်လိုက်ပေမဲ့အမှီလိုက်တော့...စက်ရိုင်းကခြေတစ်ဖက်ကိုတောင်အတွင်းထဲထိုးခံလိုက်ပြီးနေပြီ...

"လာလိုက်ခဲ့...မင်း..."

ဆိုပြီးသူ့လက်ကြီးကိုဆွဲခေါ်သွားရာနောက်ကိုသူလိုက်ပါသွားရတော့သည်...မလိုက်ချင်လို့...သူ့ကိုယ်ကြီးကိုကုန်းပြီးခြေထောက်ကိုမရွေ့ပဲနေလိုက်ပြန်တော့..စက်ရိုင်းက..မရမကကိုဆွဲပြီးခေါ်သွားလို့..သူ့မှာတစ်ရွတ်တိုက်ကြီးပါသွားရသည်....

"နာတယ်..စက်ရိုင်း..နာတယ်လို့....အား!!!...ငါပြုတ်ကျတော့မယ်လို့..."

လှေကားပေါ်ကနေဆင်းတော့လဲ..တစ်ရွတ်တိုက်ကြီးဆွဲဆင်းချသွားလို့..သူကအော်တော့..."ပြုတ်ကျသွားတော့လဲ...သေလိုက်.."တဲ့လေ...သူ့မှာ..လက်ကောက်ဝတ်တွေပါ....နာနေရပြီး...မျက်ရည်လေးစမ်းစမ်းနဲ့လှေကားတစ်လျှောက်ပါသွားရသည်..အိမ်အောက်ရောက်တော့မှ..ဆိုဖာခုံပေါ်ကိုသူ့တွန်းလှဲချခံလိုက်ရတော့သည်..ကိုကိုကတော့..ရေချိုးနေလို့သူ့တို့နှစ်ယောက်အဖြစ်ကိုမသိလိုက်....မမြင်တွေ့လိုက်...ဒါကပဲ..စက်ရိုင်းကိုပိုရဲတင်းသွားစေခဲ့သည်...

"မရှက်ဘူးလား...မင်း..."

နာနေတဲ့လက်ကောက်ဝတ်ကိုလည်ပတ်ကြည့်နေတုန်းမှာပဲ...ရှေ့ကနေခါးကြီးထောက်ပြီးမေးလာတဲ့..စက်ရိုင်းကိုသူမော့ကြည့်ပြီးပြန်ဖြေလိုက်သည်...

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now