...
...
...
(unicode )
ညဘက်တွေမှသာ....တက်တတ်တဲ့...ရေငွေ့အေးအေးကို...ခံစားနေလိုက်တယ်....ဝရံသာပေါ်တံတောင်ထောက်တင်ထားတဲ့အချိန်ကကြာမြင့်လာရတော့..နာကျင်မှုကိုစတင်ခံစားမိလာတယ်....မျက်နှာကိုလာရိုက်ခတ်တဲ့ရေငွေ့အေးအေးလေးရဲ့အထိအတွေ့ကိုကြိုက်လို့သာ.သူ.အနာခံပြီးသူဆက်ကြည့်ဖြစ်နေတာ...၊လရောင်အောက်က..ဧရာဝတီမြစ်ပြင်ကြီးကတော့ပုံမှန်စီးဆင်းနေဆဲ....တစ်ခါတစ်ခါမြစ်မျက်နှာပြင်ကိုတိုက်ခတ်လိုက်တဲ့လေကြောင့်..လှိုင်းတွန့်လေးတွေ..ထသွားရတယ်...လေထုနဲ့အတူပါလာတဲ့..မြစ်ရဲ့ရနံ့ကို..တစ်ချက်ရှုသွင်းလိုက်တယ်....တိုးဝင်သွားတဲ့..ရေငွေ့..ကစလို့..ပြန်တိုးထွက်လာတဲ့..လေငွေ့အဆုံး..အသေးစိပ်ခံစားကြည့်နေလိုက်တယ်.....
"မိုက်..."
"ဟုတ်ကဲ့...Boss...."
လှည့်မကြည့်ပါပဲနဲ့..ဘယ်လိုအနေအထားနဲ့..မိုက်ပြန်ဖြေနေသလဲဆိုတာကို..သူခန့်မှန်းနိုင်တယ်..မိုက်က..ဘဝရဲ့..ပုံသေကားချပ်လိုလူ....
မြစ်ပြင်ကိုငေးကြည့်ရင်းသာ..သူစကားဆက်လိုက်တယ်...
"ဘဝက....ဒီမြစ်ပြင်ကျယ်ကြီးလိုပဲ...အပေါ်ယံကျောက..ညင်သာနေပေမဲ့..မမြင်နိုင်တဲ့အောက်ခြေမှာတော့..ခပ်ကြမ်းကြမ်းစီးဆင်းနေတတ်တယ်...တိုက်စားတယ်.ခိုင်မာမှု့တွေကို.ပြိုပျက်စေတယ်...အဲ့ဒီအားကြီးမှုက..ဘယ်ကလာတယ်ထင်သလဲ...ဟိုးအောက်ဆုံးကနေပဲ.....ငါတို့ဘဝတွေလဲ..ဒီလိုပဲ.လူတစ်ချို့ရဲ့....အပြင်ပန်းကိုကြည့်လိုက်ရင်တော့..ပျော့ညံ့မလိုလိုနဲ့..တကယ့်အတွင်းစိတ်ကျမာကျောနေတတ်တာမျိုး...သူနဲ့ဆန့်ကျင်ဘက်ကျတော့..မာကျောတယ်လို့ထင်ရပေမဲ့..အတွင်းစိတ်က..ပျော့ညံ့နေတတ်ပြန်တယ်..တစ်ခါတစ်ရံမှာ..ငါတို့တွေက.....အပေါ်ယံလောက်လေးပဲကြည့်ပြီးးဆုံးဖြတ်တတ်ကြတယ်....အဲ့ဒီလိုလုပ်မိတဲ့အခါ..မြစ်ကိုအထင်သေးမိတဲ့လူတစ်ယောက်လိုပဲ..မြစ်ရဲ့ဝါးမြိုချင်းကိုခံလိုက်ရတယ်...တစ်ကယ်လို့..အစီအစဉ်တွေက..နေရာတကျမဖြစ်ခဲ့ပဲ..ပုံစံလွဲသွားခဲ့ရရင်...၊.မကြိုဆိုပဲရောက်လာမဲ့..မှားယွင်းခြင်းရဲ့ရိုက်ခတ်မှု့ကြောင့်ငါတစ်ခုခုဖြစ်သွားခဲ့ရရင်..မင်းက..သူ့ကို..တစ်ထောင့်တစ်နေရာရာကနေ..စောင့်ရှောက်ပေးသွားနိုင်မလား..တောင်းဆိုမှု့တွေသိပ်များမယ်....တာဝန်တွေသိပ်ကြီးမယ်....မင်းပြန်ရမဲ့..အရာတွေကျ..သိပ်နည်းလွန်းနေလိမ့်မယ်..ဒီလိုဆို..မင်းပေါ်ကိုငါက...သိပ်တစ်ကိုယ်ကောင်းဆန်ရာကျသွားမှာ..မင်းသိတယ်မလား...မင်းခံစားမိတယ်မလား..ငါဘာကိုပြောချင်နေတာလဲဆိုတာကို..နောက်ထပ်..နောက်ထပ်သော..တောင်းဆိုမှု့တွေကိုလဲ..မနက်ဖြန်မရောက်မချင်း...ငါက..တစ်ခုပြီးတစ်ခု..မင်းကိုပြောဖြစ်နေမယ်ထင်တယ်....မင်းလက်ခံနိုင်မယ်လို့တော့ငါထင်တယ်..သေချာလားမင်းမေးရင်..ငါကသေချာကြီးကို..အင်းလို့ဖြေလိုက်မိမယ်ထင်တယ်ဒါကကော..ဘာကြောင့်ဆိုတာကို..မင်းထပ်သိနေတယ်မလား....တစ်ခါတစ်လေမှာ..ငါဘာကိုဆိုလိုချင်နေလဲ..မင်းမသိဘူးလို့ငါထင်နေတဲ့..အခိုက်တစ်ခုမှာ..မင်းကငါ့စိတ်ကိုဖတ်လိုက်သလိုမျိုး..လုံးဝသိနေတတ်တယ်...၊အကြိမ်တိုင်းမှာဒါကိုတိုက်ဆိုင်မှု့တစ်ခုလို့ငါကထင်နေခဲ့မိတာ...ဒီလိုနဲ့...လွဲနေတာကို..ခေါင်းနည်းနည်းစောင်းကြည့်ဖြစ်လိုက်တော့မှ..ငါကိုယ်၌ကသာပြောင်းပြန်ဖြစ်နေမှန်းသိလိုက်ရတာ.....မင်းအပါအဝင်အရာအားလုံးကတော့..အတည့်တိုင်းပဲ......."
YOU ARE READING
မောင့်ရှင်သန်ရာ..(S-2)
Fanfictionဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်မို့ပြင်ပလောကနှင့်များစွာကွဲလွဲနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ပထမဆုံးအရေးအသားမို့လိုအပ်ချက်များစွာရှိနေသည်ကိုတော့နားလည်ပေးစေလိုပါသည်။ဇာတ်လမ်းဇာတ်ကွက်တို့တွင်လဲဟာကွက်များစွာရှိနေနိုင်သလိုအရေးအသ...