အပိုင်း-20

99 4 0
                                    

...
...
...

(unicode )

မိုက်ကိုရန်ကုန်မှာ..သူ့အစား..ထားခဲ့တာကြောင့်…လာကြိုမဲ့သူမရှိဖြစ်နေရသည့်သူ….မြစ်ကြီးနားလေဆိပ်ကနေ..ကားငှားပြီးသာ..စံအိမ်ကိုပြန်နေရတော့သည်…..မနက်အစောပိုင်းလေယာဉ်နဲ့တက်လာခဲ့လိုက်တော့…..လှိုင်းရေစင်..ဘွဲ့ယူသွားဖို့ရာကစောလွန်းနေသေးသည်…ထို့ကြောင့်…သူ..စံအိမ်ကိုသာအရင်ဦးတည်ပြီးပြန်လိုက်သည်…အနည်းဆုံးတော့..သူရေချိုးဖို့အချိန်ရသွားရတာပေါ့….စံအိမ်ရောက်တော့..သူ..တစ်ဆယ့်ငါး..မိနစ်လောက်..နားပြီး..ရေမိုးချိုးလိုက်သည်….ခေါင်းသေချာပြောင်အောင်သုတ်ပြီးသွားတာနဲ့…ကုတင်ပေါ်ကျောခင်းလှဲချလိုက်သည်…ဘေးတစ်စောင်းလှည့်လိုက်ပြီး…ဘေးကခေါင်းအုံးလေးကိုလက်နဲ့အသာလေးပွတ်သပ်နေလိုက်မိသည်….နောက်မှာတော့..လွတ်နေတဲ့..မွေ့ရာပေါ်ကိုပြန်ထပ်စမ်းနေလိုက်သည်…..အငွေ့အသက်…ကလေးလေးရဲ့..အငွေ့အသက်လေးတွေများရှိနေဦးမလားအထင်နဲ့..ခေါင်းအုံးလေးကိုဆွဲယူလိုက်ပြီး…ရင်ခွင်ထဲသွင်း…တရှိုက်မက်မက်ကြီးကိုနမ်းနေလိုက်မိသည်….သူကဤမျှလောက်တောင်…ကလေးလေးအပေါ်ကိုရူးသွပ်ရပါသည်…..ပိုင်ဆိုင်ဖို့ရာကိုမကြိုးစားရက်တဲ့…သူ့ရဲ့..အဖိုးတန်လေးကို..သူ..ရူးခါနေအောင်..စွဲလန်းချစ်ရပါသည်….

“ဘာကြောင့်များကိုကိုတို့နှစ်ယောက်က…ပေါင်းစည်းဖို့..ခက်ခဲလွန်းနေပြီ..မဖြစ်နိုင်ရတာတဲ့လဲ..ကလေးလေးရယ်….ဘယ်လိုအင်အားမျိုးနဲ့…ကိုကိုကရှေ့တစ်လှမ်းပိုတိုးလိုက်ရမှာတဲ့လဲ..ကိုကို့..အသက်ရယ်….ကိုကို့မှာ..အဲ့ဒီလိုလုပ်နိုင်စွမ်းတွေမရှိဘူးဖြစ်နေတယ်..ကိုကို့ကလေးလေးရယ်…”

မြတ်နိုးခြင်းတို့မည်သည်….ပေါင်းစည်းရမှ..မဟုတ်…အဝေးကမျှော်ငေးကြည့်ရရုံတို့ဖြင့်လဲ…သူ့အတွက်ကတော့.ခမ်းနားစွာနဲ့လှပနိုင်သည်….ချစ်ရပါသည်…တစ်ခါမှေးစက်ဖူးတဲ့..ဒီအိပ်ရာလေးကိုတောင်..မလဲပစ်ရက်တဲ့ထိကို..ချစ်မြတ်နိုးလွန်းရပါသည်…အထိအတွေ့..အငွေ့အသက်တို့က..ပျောက်ပြယ်လွှင့်ပျောက်သွားရပြီဆိုဦးတော့…မင်းအိပ်စက်ခဲ့ဖူးပါလားဆိုတဲ့..အတွေးလေးတစ်ခုနဲ့တင်…ကျေနပ်နေရတဲ့ထိကို…ကိုကိုကတန်ဖိုးထားမြတ်နိုးလွန်းရပါသည်…..ကလေးလေးရေ…ကိုကိုတွက်ကတော့…..သေဆုံးသွားရင်တောင်…မျက်ကြည်လွှာမှာ….ထင်ကျန်ရစ်ခဲ့မဲ့…ပုံရိပ်က..မင်းဆိုတဲ့..ကိုကိုမြတ်နိုးရာလေးပါ….ကလေးလေးရေ…ဝေးကွာခြင်းဆိုတာ..ကိုကိုမုန်းတဲ့အရာဆိုပေမဲ့..ဒီအရာက..မင်းတွက်…ကာကွယ်ရာတစ်ခုဖြစ်ခဲ့မယ်ဆိုရင်တော့..ကိုကိုက..ချစ်ပေးလိုက်နိုင်ပါတယ်…မင်းမနာကျင်ရဖို့တွက်…ကိုကိုက..နာကျင်ခံနိုင်ပါတယ်….ဒါပေမဲ့..ခုတော့….ကိုကိုကြောင့်..မင်းနာကျင်နေရပြီတဲ့လေ…..ကိုကိုမှာ….ခုတော့..ဆုပ်လဲဆူး..စားလဲရူးနဲ့…..အရူးတစ်ယောက်လို…..ကိုယ့်သွေးနဲ့ကို..ပြန်အဆိပ်သင့်နေရပြီ….အနားသတ်မလှတဲ့…အဆုံးသတ်မှာ…ဒီကိုကိုက…ပြင်လို့မရတဲ့အမှားတွေနဲ့အဖန်တလဲလဲ..နာကျင်နေရပြီ…..အဆိပ်မလိုဘူး….ဓါးတစ်လက်မလိုဘူး…အပြန်ပြန်အလှန်လှန်သေစေနိုင်လောက်တဲ့ထိကို….နာကျင်ခြင်းဆူးတစ်ချောင်းနဲ့တင်..သေသွားဖို့ရာကိုကောင်းကောင်းကြီးလုံလောက်ပြည့်စုံနေပြီ….

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now