အပိုင်း- 45(The End...)

167 2 2
                                    

...

...

...

(unicode )

မှောင်မဲနေတဲ့အခန်းထဲကိုသူဖြေးဖြေးချင်းလျှောက်လို့ဝင်သွားလိုက်သည်။တံခါးဘေးရှိမီးခလုတ်ကိုစမ်းကြည့်လိုက်ပေမဲ့စမ်းလို့မမိ...မမှောင်ထဲစမ်းတဝါးဝါးနဲ့လျှောက်လာတာ....နဲနဲကြာလာတော့အမှောင်ကိုကျင့်သားရသွားရတဲ့မျက်လုံးတွေဟာခပ်ဝါးဝါးမြင်လာရသည်။ မီးခလုတ်တွေကဘယ်မှာပါလိမ့်လို့တွေးပြီးဟိုနားပြေးစမ်းဒီနားပြေးစမ်းလိုက်ပေမဲ့ရှာလို့မတွေ့ ၊ဒါကြောင့်လူကအခန်းအလယ်ကောင်မှာလက်ကြီးရမ်းရမ်းနဲ့ဖြစ်နေရတော့သည်။ လည်ပင်းနောက်ကိုကုပ်လိုက်ရင်း အပေါ်ကိုမော့ကြည့်လိုက်တော့....

"ဟ! ဗြောင်ကြီးပါလား...."

ဖြတ်ကနဲလင်းလာတဲ့မီးရောင်ကြောင့်မျက်လုံးစူးသွားရလို့မျက်လုံးကိုချက်ခြင်းဆိုသလိုပိတ်လိုက်ရသည်။ ထိုအခါမှအသံကြားမှအလုပ်လုပ်တဲ့လျို့ဝှက်မီးသီးတွေတပ်ထားမှန်းသိလိုက်ရတော့သည်။ မျက်လုံးကိုဖြေးဖြေးချင်းပြန်ဖွင့်လိုက်ပြီးအခန်းတွင်းမျက်စိကစားကြည့်လိုက်တော့...

"ဝိုး!...မိုက်လိုက်တာ....."

အခန်းတွင်းအပြင်အဆင်ကရှေးခေတ်ပုံစံမျိုးဖြစ်နေသည်။ ကုတင်တောင်ယခုခေတ်လိုကုတင်မျိုးမဟုတ်ကျွန်းကိုမှ ပန်းကနုတ်တွေဖြင့်ပုံဖော်ထားပြီး ကုတင်ခြေထောက်‌တွေ
ဟာဆိုရင်ဖြင့် ကျားခြေထောက်တွေနဲ့ပင်ပိုလို့တူနေရသည်။ လိုက်ကာတွေဆိုရင်လဲအပါးစလေးကိုမှ ကနေတဲ့မင်းသမီးပုံရေးရေးလေးထင်နေတဲ့ပန်းချီပုံတွေပါနေတဲ့ဟာမျိုးကိုအသုံးပြုထားသည်။ ဗီရိုကြီးမှာလဲမသိရင် ရှေးခတ်သူဌေးသူကြွယ်တွေသုံးသလိုမျိုး ကျားခေါင်းကိုမှတံခါးတစ်ချပ်ဆီပေါ်တွင်တစ်ခြမ်းဆီရှိနေပြီးတံခါးပိတ်လိုက်တော့မှကျားတခေါင်းလုံးပုံပေါ်သွားရတာမျိုးကိုပြုလုပ်ထားပြီးကျားနှာခေါင်းပေါက်မှကွင်းကိုတစ်ဖက်ဆီတပ်လို့ ထိုကွင်းနှစ်ခုကိုကိုပူးလို့သော့ခတ်ထားသည်။ သူကထိုအကွင်းကိုကိုင်ကာပင်ခေါက်လို့ကြည့်လိုက်သေးသည်။ သစ်သားနဲ့သံရိုက်ခတ်သံကြောင့် ဖြစ်ပေါ်လာရတဲ့အသံကိုသဘောကျလွန်းလို့အသံထွက်အောင်ကိုပင်ရီမိလိုက်သည်။ ဒါကသံစဉ်တစ်ခုနဲ့တောင်တူနေသေး၊နောက်မှမောင့်ကိုဒီဗီရိုကြီးသူ့အခန်းထဲရွေ့ပေးဖို့ပြောရမယ်။ ခေါင်းရင်းထောင့်ကမှန်တင်ခုံရှိရာဆီကိုပြန်ပြေးကြည့်လိုက်ပြီး မှန်ထက်ကြေးမှုံနဲ့ပိုတူနေရတဲ့အဝိုင်းကြီးကိုကိုင်ကြည့်နေလိုက်သည်။ ဘောင်ကွတ်ထားရာကနုတ်ဟာဆိုရင်ဖြင့် ထိပ်နှစ်ဖက်ကွေးနေတဲ့ခြေချင်းနဲ့တောင်ခပ်ဆင်ဆင်၊မှန်တင်ခုံပေါ်ကအသုံးအဆောင်တွေကြောင့်သူဇဝေဇဝါကြီးဖြစ်လို့သွားရသည်။ ဘာကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်လောက်ကခေတ်စားခဲ့တဲ့မိန်းခလေးသုံးအလှပြင်ပစ္စည်းတွေကဒီပေါ်မှာရှိနေရတာလဲ၊ပစ္စည်းတွေကိုကောက်ကိုင်လို့ကြည့်မိလိုက်တော့ ဒိတ်တွေလွန်နေရတဲ့ပစ္စည်းတွေဖြစ်နေမှန်းတွေ့လိုက်ရတော့သည်။ ပြန်ချထားလိုက်ပြီး အပေါ်ဘက်ကိုမော့ကြည့်မိလိုက်တော့ "ချောလိုက်ကြတာ...." ဆိုတဲ့အသံတောင်သူကထွက်သွားရသည်။ ရွှေရောင်အနားကွတ်မှန်ဘောင်ဖြင့်ထည့်သွင်းချိပ်ဆွဲထားသည့်နံရံပေါ်ရှိဓါတ်ပုံကြီးတွင်ပြုံးရယ်နေသည့်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး၊အလွန်ဆုံးရှိလှအသက်သုံးဆယ်ဝန်းကျင်သာ၊ ငယ်ရွယ်နုပျိုနေသည့်အမျိုးသားမှာမောင်နှင့်အနည်းငယ်ဆင်လို့နေရပြီး နဘေးရှိပြုံးရယ်နေသည့်အမျိုးသမီးကမှမောင်နှင့်ချွတ်ဆွတ်နီးပါးကိုတူနေရသည်။ ဒါကြောင့်မောင့်မိဘတွေများလားလို့ သူကအတွေးဝင်မိသွားရသည်။

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now