အပိုင်း- 17

86 5 0
                                    

...

...

...

(unicode )

ရန်ကုန်မြို့ကြီးကသူလေးလကျော်ပျောက်သွားခဲ့ရပေမဲ့လို့...အရင်တိုင်း..ဘားမှမပြောင်းမလဲကို..ပုံမှန်လည်ပတ်နေဆဲ.....၊လမ်းတွေကလဲအရင်လိုပိတ်နေဆဲဖြစ်သလို...ကားတွေကလဲကြပ်နေဆဲ....နေပြင်းပြင်းကလဲပူလောင်နေဆဲ....Taxic...မောင်းသမားကတော့..ရှေ့ကနေ..ပျစ်တောက်ပျစ်တောက်နဲ့..ကျိန်ဆဲနေလေရဲ့...စည်းမရှိကမ်းမရှိသူ့ကားကို..အတင်းကျော်တိုးသွားရကောင်းမလားဆိုပြီးတော့ပေါ့......ရှေ့ကကားတွေတန်းစီပိတ်ထားတော့..ဟွန်းကိုတရစပ်မပြတ်တီးရင်း...ပါးစပ်ကလဲရေရွတ်နေသေးသည်....လူတွေကကြာလေကြာလေစည်းမရှိကမ်းမရှိဖြစ်လာလေတဲ့....စည်းကမ်းအကြောင်းပြောနေတဲ့..ထိုကားမောင်းသမားက...ကားပြတင်းပေါက်ဘက်ကိုလှည့်၍..ကွမ်းတစ်ပျစ်ကို..လမ်းမပေါ်ထွေးထုတ်ချလိုက်သေး၏...သူကားပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်မိသည်....စိတ်အိုက်စရာမြင်ကွင်းက..တစ်ကယ်ကိုအကျဉ်းတန်လွန်းလှသည်....နောက်ကကားကလဲ...ရှေ့ကားကိုမြန်မြန်ထွက်ဆိုတဲ့သဘောနဲ့..ဟွန်းကိုအဆက်မပြတ်တီးနေပြန်သည်....ကားမောင်းသမားက..တံခါးပေါက်ကနေခေါင်းပြူထွက်နောက်လှည့်ကြည့်ပြီ..ဆဲနေပြန်သည်.....သူ့အာရုံတွေတော်တော်ကိုနှောက်နေရပေမဲ့...ခုသူ့အခြေအနေကရွေးချယ်စရာမရှိဘူးလေ.....ငြိမ်နေလိုက်ရုံသာ...။

ကားပေါ်ကဆင်းပိုက်ဆံရှင်းပေးလိုက်တော့သူ့ရှေ့ကနေ...မောင်းထွက်သွားတဲ့ကားကိုအတန်ကြာတဲ့ထိရပ်ကြည့်နေလိုက်မိသည်....ကျောခိုင်းထားတဲ့အိမ်ကြီးကိုလှည့်ကြည့်ဖြစ်လိုက်တော့.....ဝရံသာပေါ်ကနေ...ဓါးတစ်လက်နဲ့ခြံပြင်ကိုလှမ်းပေါက်ဖို့ကြံရွယ်နေတဲ့ကောင်လေးတစ်ယောက်ကိုသူလှမ်းမြင်လိုက်ရသည်.....ဘေးကိုစောင်းကြည့်လိုက်ပြန်တော့လဲ..ကားစက်ခေါင်းပေါ်ကနေလျောဆင်းချပြီးဂီတာလေးပိုက်ကားထဲဝင်သွားတဲ့ကောင်ငယ်လေးကိုထပ်မြင်တွေ့လိုက်ရပြန်သည်....သူပြုံးသွားလိုက်တာလား...မဲ့သွားလိုက်တာလား..မသိခြင်းနဲ့....ခြံတံခါးနားထိရောက်အောင်ကိုတိုးလျှောက်သွားလိုက်သည်.....တံခါးဘေးက...လေးထောင့်မျက်နှာပြင်လေးကိုလက်ဝါးနဲ့တစ်ချက်ဖိနှိပ်လိုက်တော့...မျက်နှာပြင်ထက်မီးအနီလေးလင်းလာခဲ့သည်.....အနီရောင်မီးလေးပိတ်ကျသွားရချိန်မှာတော့..သူမျက်နှာပြင်ပေါ်ကို...ဂဏန်းတစ်ချို့ရိုက်ထည့်လိုက်သည်.....ပြီးတာနဲ့...လူတစ်ယောက်ဝင်စာတံခါးလေးကိုသာတွန်းဖွင့်လိုက်သည်....ခြံထဲစဝင်လိုက်တာနဲ့...သစ်ပင်ပန်းမန်များစွာရှိနေရတဲ့သူ့ခြံက....မြေပြင်ပေါ်သစ်ရွက်တစ်ရွက်ကျမနေပါသလို....သန့်ရှင်းတောက်ပြောင်နေသည်မှာလဲ...အိမ်ရှိရာဆီသွားသည့်..ကွန်ကရစ်လမ်းလေးပေါ်ပင်....ဖုန်မှုန့်တစ်ချက်တင်မနေ...။

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now