...
...
...
(UNICODE)
သူခေါင်းအုံးပေါ်လက်ထောက်ကာ..ထိုထောက်ထားသည့်လက်ပေါ်သို့ခေါင်းတင်ပြီး..ဘေးတစ်စောင်းအနေအထားလှဲ၍..သူ့ဘေးရှိနှစ်ခြိုက်စွာအိပ်ပျော်နေသည့်ကလေးလေးအား..တစ်စိမ့်စိမ့်ကြည့်နေလိုက်သည်။သူသိပ်ကိုမြင်ချင်မိကာ....ထိတွေ့ချင်လှသည်.မျက်နှာလေးထက်ရှိအစိပ်အပိုင်းလေးတို့၏..တစ်ခုခြင်းဆီတိုင်းကိုကျန်လက်ဖြင့်ထိတွေ့ကြည့်နေလိုက်မိသည်။
သူ့ကလေးလေးက..တစ်ကယ်ကိုကြည့်ကောင်းတာပဲ...
ကော့ညွှတ်နေသည့်မျက်တောင်ဖျားလေးမှစ..လက်ညှိုးလေးဖြင့်..လည်တိုင်အောက်ဖျားလေးရောက်သည်ထိထောက်ကာဆွဲချလိုက်ရင်း..နူးညံ့သည့်အထိအတွေ့လေးတို့ကိုသူ့မျက်လုံးအစုံကိုမှိတ်ချ၍ခံစားကြည့်နေလိုက်သည်။ပြီးသည်နှင့်အသဲယားစရာကောင်းလွန်းလှသည့်နှာတံထိပ်ဖျားလေးကိုပါမနာအောင်တစ်ချက်မျှခပ်ဖွဖွဆွဲကာညစ်ပစ်လိုက်တော့သည်။ထို့နောက်မှာတော့..နှုတ်ခမ်းရဲပါးပါးလေးအားတစ်ချက်မျှငုံ့နမ်းလိုက်ပြီ...
"တောင်းပန်ပါတယ်..ကလေးလေး...နာကျင်စေဖို့မရည်ရွယ်ခဲ့ပေမဲ့...နာကျင်စေခဲ့မိပြီ...ကိုကိုက..ဒီက...ကလေးလေးကို..ဘဝမှာ..တစ်ကြိမ်တစ်ခါ..ပိုင်ဆိုင်ခဲ့ဖူးပါလား..ဆိုတဲ့စိတ်နဲ့..နေ့ရက်တိုင်းကို..ရှင်သန်ကြည့်ချင်မိလို့ပါ...အဟွင်း...ကိုကိုက..သိပ်များ..အတ္တကြီးသွားသလား..ကလေးလေးရယ်...ကိုကိုကလေ...ကလေးလေးနဲ့..ဒီအမှတ်တရတွေကို..ကိုကို့..နှလုံးသားထဲမှာ..ထာဝရသိမ်းဆည်းထားသွားချင်ရုံလေးပါ...ကိုကိုက..မင်းနဲ့မထိုက်တန်တဲ့..ကောင်တစ်ကောင်ဆိုတာကိုသိနေခဲ့ပေမဲ့လဲ..ကိုကိုလေ..ကိုကို...."
စို့နစ်လာခြင်းတို့က..ပျော်ပျော်ကြီးသူ့လည်ချောင်းတစ်လျှောက်ချီတက်လာခဲ့ကြတော့..စကားလုံးတစ်ချို့တို့က..နောက်ဆုတ်သွားရကာလက်နပ်ချအရှုံးပေးလိုက်ရတော့သည်၊...ဝမ်းနည်းခြင်းတို့ကပါ.....ဟစ်အော်ကြွေး၍...သူပါးပြင်ထက်သို့ခုန်ပေါက်ကာလိမ့်ဆင်းချလာကြလေတော့သည်....။စည်ကြီးတီးခတ်လိုက်တော့လှုပ်ခါသွားရသည့်ပတ်စာလေးနှယ်....သူ့ရင်တစ်ခုလုံးမှာလဲ...ထိန်းလို့ပင်မရတော့လောက်အောင်ကိုပင်တုန်ခါ၍သွားရလေတော့သည်...။
YOU ARE READING
မောင့်ရှင်သန်ရာ..(S-2)
Fanfictionဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်မို့ပြင်ပလောကနှင့်များစွာကွဲလွဲနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ပထမဆုံးအရေးအသားမို့လိုအပ်ချက်များစွာရှိနေသည်ကိုတော့နားလည်ပေးစေလိုပါသည်။ဇာတ်လမ်းဇာတ်ကွက်တို့တွင်လဲဟာကွက်များစွာရှိနေနိုင်သလိုအရေးအသ...