...
...
...
(unicode )
"မင်းပစ္စည်းတွေကလဲများလိုက်တာ..တစ်အိမ်လုံးများ..မ..လာလေသလား.အောက်မေ့ရတယ်...."
ကားနောက်ဖုံးခန်းကနေပစ္စည်းသယ်ထုတ်နေတဲ့သူ့ကို..အောက်ရောက်သွားပြီဖြစ်တဲ့..ကော်ပုံးတစ်ပုံးကိုခြေဖြင့်ကန်ရင်းကိုကိုကပြောလာခဲ့လေသည်....
"အော်!..ကိုကိုကလဲ..လင်နောက်လိုက်လာပါတယ်ဆိုမှ..ဒီလောက်ကတော့..သယ်လာရမှာပေါ့...ဒါမှ..မျက်နှာမငယ်ရမှာလေ...ကိုယ့်အထုပ်ကိုယ့်အထည်နဲ့လာတော့...မျက်နှာပန်းလှတာပေါ့...မဟုတ်ဘူးလား...ဒါတောင်..ကိုကို့..ကိုအားနာလို့..နဲနဲပဲသယ်လာခဲ့သေးတာ..."
သူ့စကားကြောင့်ကိုကို့မျက်ခုံးနှစ်ဖက်ကြီးအပေါ်ကိုမြောက်တက်သွားလေသည်...ပိုက်ထားတဲ့လက်နှစ်ဖက်ကိုဖြေချလိုက်ပြီး...နားထင်စကို..လက်ဖြင့်ကုပ်နေလေတော့သည်....စိတ်ထဲမှာတော့...ဘုရားတနေပြီမှန်းသူခန့်မှန်းမိလိုက်သည်...
ဘုရားဘုရား..ဒါကအကုန်မဟုတ်သေးဘူး..အကုန်များဆို...သူ့အိမ်မှာခြေချစရာနေရာတောင်ရှိပါတော့မလားမသိ....ကလေးလေးက..ဘာစိတ်ကူးပေါက်တယ်မသိပါဘူး...လွန်ခဲ့တဲ့တစ်ပတ်ကတည်းကနေသူ့ကိုတညှော်ညှော်လုပ်နေတာ...
***************
"ကိုကို..."
"အွမ်း..."
"ကိုကို..အိမ်ကို...ပြောင်းလာခဲ့မယ်နော်...."
"မင်းတိုက်ခန်းက..ဘာဖြစ်နေလို့လဲ...."
"ဘားမဖြစ်ပါဘူး...(7)လွှာကိုတက်လိုက်ဆင်းလိုက်လုပ်ရတာ..ကြာတော့လဲ...မောပြီးညောင်းလာလို့...."
"အော်....တစ်သက်လုံးမညောင်းပဲ...ခုမှ...ထညောင်းသွားတာလား...."
"အင်း...ဟုတ်တယ်...အသက်ကစကားပြောလာပြီလေ....ဘာလဲ..ကိုကိုက....ကျွန်တော့ကို @#$&$#@..............................................."
နောက်ဆုံးတော့..သူတစ်ခွန်းပြောတာကိုကလေးလေးကဆယ်ခွန်းလောက်ပက်ကနဲပက်ကနဲပြန်ပြောလာလို့နားပူမခံနိုင်တော့တဲ့သူကပဲ..လက်လျော့ကာအရှုံ့ပေးလိုက်ရတော့သည်....ဒင်းကိုတစ်ကယ်မနိုင်ပေ...ခုလဲပစ္စည်းတွေကိုသီချင်းလေးတညဉ်းညဉ်းနဲ့ချနေလေရဲ့....ခရီးဆောင်အိပ်ကနှစ်လုံး...ကော်ပုံးကြီးကသုံးပုံး...သူ့ရင်ဘတ်နီးပါးလောက်မြင့်တဲ့ကတ်ထူဂျပ်ဖာပုံးကြီးကတစ်ဖာ....ကလေးလေးရဲ့စာအုပ်တွေထည့်ထားတဲ့..လက်ဆွဲခြင်းပေါက်စနိပေါက်စနတွေကပါအဆစ်ပါလိုက်သေး....သူလဲ..လက်ပြန်ပိုက်ပြီးတာရပ်ကြည့်ပေးနေလိုက်သည်....မနိုင်မနင်းလဲတစ်ယောက်တည်းမချနေတာပဲ...ကိုကိုရေကူဦးလို့တော့တစ်ခွန်းမဟလာလေဘူး....တစ်ချက်တစ်ချက်တော့လှည့်လှည့်ကြည့်ပြီးရီရီပြလာသည်......ဒါကလဲ...မျက်နှာချိုသွေးနေတာ....ပြီးရင်သူ့ကို...နှိပ်စက်တော့မှာလေ....သူလဲ...ကလေးလေးချထားတဲ့ပစ္စည်းပုံနားကိုတိုးသွားလိုက်ပြီး..စချလာကတည်းကနေတစ်ခြားပစ္စည်းတွေထက်...ပိုစိတ်ဝင်စားမိသွားရတဲ့..ဂျပ်ဖာပုံးကြီးကိုကိုင်ကြည့်လိုက်သည်... သူဖွင့်ကြည့်မလို့လုပ်လိုက်တုန်းမှာပဲ...
YOU ARE READING
မောင့်ရှင်သန်ရာ..(S-2)
Fanfictionဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်မို့ပြင်ပလောကနှင့်များစွာကွဲလွဲနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ပထမဆုံးအရေးအသားမို့လိုအပ်ချက်များစွာရှိနေသည်ကိုတော့နားလည်ပေးစေလိုပါသည်။ဇာတ်လမ်းဇာတ်ကွက်တို့တွင်လဲဟာကွက်များစွာရှိနေနိုင်သလိုအရေးအသ...