အပိုင်း- 33

46 1 0
                                    

...

...

...

(unicode )

"ဆရာ!!...ဆရာ!!...."

အိမ်ပြန်ဖို့ရာကောင်တာကိုအဖြတ်...ဆရာဟူသောစာရေးမလေး၏အသံကြောင့်သူလှည့်ကြည့်ရင်းသူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်တော့စာရေးမလေးကခေါင်းလေးငြိမ့်ပြလာခဲ့သောကြောင့်...သူထို...နားသို့တိုးကပ်သွားလိုက်သည်...

"ဆရာ့..ဧည့်သည်ရောက်နေလို့..."

စာရေးမလေး၏အပြောကြောင့်....

"ကျွန်တော့ဧည့်သည်...."

ဟုပြန်ဆိုလိုက်တော့.....

"ဟုတ်ကဲ့....လှိုင်းရေစင်လို့ပြောပါတယ်...ဆေးရုံရှေ့ကပန်းခြံမှာစောင့်နေမယ်လို့ပြောသွားပါတယ်...."

"အော်...ဟုတ်ကဲ့...ကျေးဇူးပါဗျာ...."

"ဟုတ်ကဲ့..ဆရာ...."

ဆေးရုံတစ်ဖက်လမ်းကိုသူကူးလာခဲ့လိုက်သည်...ပန်းခြံထဲရောက်တော့...လှိုင်းလေးကိုအရှာပြုလိုက်၏....

"အကိုမှိုင်း!!...ကျွန်တော်ဒီမှာ!!!...."

အပင်ကြီးကြီးတစ်ပင်အောက်ရှိခုံတန်းလေးတွင်ထိုင်ကာသူ့အားလက်ဝှေ့ရမ်းပြလာသည့်လှိုင်းလေးရှိရာဆီသို့သူပြေးသွားလိုက်ပြီး..နဘေးသို့ဝင်ထိုင်လိုက်သည်...

"ဒါနဲ့များ..လှိုင်းလေးရာ...ဆေးရုံဘေးကကော်ဖီဆိုင်ကနေစောင့်နေတာမဟုတ်ဘူး....."

"တမင်......လွတ်လွတ်လပ်လပ်စကားပြောချင်လို့....ဒီနေရာကိုရွေးလိုက်တာ...အကိုမှိုင်းတွက်...အဆင်မပြေလို့လား..."

"မဟုတ်ပါဘူး...အကိုမှိုင်းကဒီတိုင်းပြောလိုက်တာပါ...ဒါနဲ့..ဘာစကားမို့လို့လှိုင်းလေးက....ဒီလိုနေရာမျိုးကိုတောင်ရွေးထားရတာလဲ..."

"ဘယ်လိုစကားရယ်လို့တော့မရှိပါဘူး...ဒီတိုင်းပါပဲ....ဟိုတစ်ခါအကိုမှိုင်းပြောတဲ့...ကျွန်တော်ဘာတောင်းတောင်းပေးမယ်ဆိုတဲ့ဟာလေးလေ....."

"အင်း...."

"အဲ့ဒါ..အခုတောင်းလို့ရမလား...တစ်ဘက်ခါဆို....ကျွန်တော်ကပြန်ရတော့မှာဆိုတော့...."

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now