...
...
...
(unicode )
Chef...ပိုင်းကိုသူပိုစိတ်ဝင်စားမိတာကြောင့်....သင်တန်းမှာသင်ပြသမျှကိုအိမ်ရောက်လျှင်ပြန်လုပ်ကြည့်ကာ...တစ်အိမ်လုံးကိုသူ့လက်ရာမြည်းစမ်းခိုင်းကာ...တုန့်ပြန်ချက်တို့ကိုသူကနားထောင်လေ့ရှိ၏....မဆိုဆိုလဲ...ပြန်လေ့လာရမဲ့အတူတူကိုတော့......မုန့်ဖုတ်စက်တွေအပြင်ကို....ဟိုတစ်ခါအကိုမှိုင်းကဝယ်ပေးမယ်ပြောဖူးထားတဲ့ကော်ဖီဖျော်စက်ကပါလက်ထဲရှိနေတော့....သူသင်တန်းအပြန်လိုအပ်တာတွေဝယ်..ပြီးလျှင်တော့....မုန့်ဖုတ်...အလုပ်သမားတွေကိုပါမကျန်ကျွေး...နောက်ဆုံး..အကိုမှိုင်းဆေးရုံကလူတွေကိုပါမကျန်..အကုန်လုံးကိုသူကပတ်ကျွေးတာ.......ဒီလိုနည်းနဲ့...သူကသင်တန်းမှာ..အတော်ဆုံး...သင်တန်းသားအဖြစ်ဆရာတွေရဲ့ချီးကျူးမှု့ကိုမကြာခနခံနေရတာပေါ့..ဒီနေ့တော့....သူတော်တော်ကိုပင်ပန်းခဲ့ရသည်....ကပ်ပူချီနိုတွက်လုပ်ရတဲ့အမြှပ်ကတော်တော်လေးကိုစိတ်တိုင်းမကျဖြစ်ရတဲ့အပြင်ကို...နဲနဲပါခက်ခဲခဲ့ရလို့..သူက...အကြိမ်ပေါင်းမနည်းကိုသင်ယူခဲ့ရသည်...သင်တန်းဆင်းတာတစ်ဆယ့်ငါးမိလောက်ရှိနေပေမဲ့သူ့ကိုလာကြိုမည့်ကားကရောက်မလာသေးလို့..သင်တန်းရှေ့တွင်ရပ်စောင့်နေရတဲ့အတွက်လူကနဲနဲတော့ကြောင်တောင်တောင်နိုင်လာတော့၏.......သင်တန်းဆရာကအထဲကနေစောင့်ဖို့ပြောပေမဲ့..သူကတစ်ယောက်တည်းထိုင်မနေချင်တာနဲ့..ကျေးဇူးတင်စကားပြောပြီးသာငြင်းဆိုလိုက်၏......ထိုစဉ်ကားတစ်စီးကသူ့ဘေးကိုထိုးဆိုက်လာခဲ့ပြီး...ကားမှန်ကိုချလိုက်ချိန်မှာတော့သူ့ကအပြုံးကြီးပြုံးသွားခဲ့ရတော့သည်.......
"ဆော်ရီး...လှိုင်းလေး...မိုးထိဖုန်းဆက်လာတဲ့အချိန်..အကိုမှိုင်းက..ခွဲခန်းဝင်ခါနီးကြီးလေ..ဒါကြောင့်.နဲနဲနောက်ကျသွားရတာ...စောင့်နေရတာအရမ်းကြာသွားပြီလား...."
"မကြာသေးပါဘူး...ခုလေးတင်ပြီးတာပါဗျ...."
သူပြုံးပြရင်းပြောလိုက်တော့အကိုမှိုင်းကစိတ်သက်သာရာရသွားတဲ့ပုံမျိုးဖြင့်သူ့ကိုပြန်၍ပြုံးပြလာခဲ့တော့၏....
YOU ARE READING
မောင့်ရှင်သန်ရာ..(S-2)
Fanficဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်သည်မို့ပြင်ပလောကနှင့်များစွာကွဲလွဲနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ပထမဆုံးအရေးအသားမို့လိုအပ်ချက်များစွာရှိနေသည်ကိုတော့နားလည်ပေးစေလိုပါသည်။ဇာတ်လမ်းဇာတ်ကွက်တို့တွင်လဲဟာကွက်များစွာရှိနေနိုင်သလိုအရေးအသ...