အပိုင်း- 18

80 4 0
                                    

...

...

...

(unicode )

လက်ထဲကကိုင်ကြည့်နေတဲ့...စက်ရုပ်သေးသေးလေးရဲ့....ခေါင်းအရှင်လေးကို...တောင်လှည့်မြောက်လှည့်လုပ်နေလိုက်သည်...နောက်မှာတော့..လည်ပင်းအဆက်ကြားကိုပင်လေဖြင့်တစ်ချက်မှုတ်လိုက်သေးသည်.....

"မိုက်..."

"ဟုတ်ကဲ့...Boss..."

သူစက်ရုပ်လေးကိုသာအာရုံစိုက်ထားရင်း..စကားကိုပြန်ဆက်လိုက်သည်...

"ပန်းရောင်စာအိပ်လေးတွေ့မိသေးလား...."

"ကျွန်တော်တောင်းပန်ပါတယ်...Boss...."

မိုက်အဖြေစကားကြောင့်..သူလက်ထဲရှိစက်ရုပ်လေးကိုနေရာတကျပြန်ထားလိုက်ပြီး...တခြားသောအရုပ်လေးတွေကိုပါ..လက်ညှိုးထိပ်လေးနဲ့ထိကိုင်ကြည့်ရင်းပြန်ပြောလိုက်သည်....

"လိုအပ်လို့လား..မိုက်..."

ဒီတစ်ခါတော့မိုက်ထံက..အဖြေမကြားရသေးခင်မှာ..သူနောက်လှည့်ကြည့်ဖြစ်လိုက်သည်...မိုက်ကတော့..ဆိုဖာခုံပေါ်ထိုင်ရင်း..လက်နှစ်ဖက်ကိုဆုပ်ကိုင်နေသည်...အဲ့နောက်မှာတော့...သူ့ဘက်ကိုတစ်ချက်လှည့်ကြည့်လာပြီး.ချက်ခြင်း.ခေါင်းပြန်လှည့်သွားသည်...သူကတော့...ခါးစောင်းလောက်တာမြင့်တဲ့...ဗီရိုအနိမ့်ရှည်ရှည်လေးကို...ခါးနဲ့ခပ်လျောလျောမှီထားရင်း...မိုက်ဖြေလာမဲ့အဖြေကိုစောင့်နေလိုက်သည်....

"နောက်ဆုံးမှာတော့...အသုံးဝင်လာမှာပါ......"

လက်နှိုက်ဖြစ်ထားသည့်ဘောင်းဘီအိပ်နှစ်ဖက်ထဲကလက်ကိုပြန်ဆွဲထုတ်လိုက်ပြီး...သူမှီထားရာစားပွဲခုံပေါ်ကိုလက်ညှိုးလေးနဲ့ထောက်ပွတ်နေလိုက်ပြန်သည်....ပွတ်တိုက်မှု့တို့ကြောင့်ဖြစ်ပေါ်လာရတဲ့.."ကျွပ်..ကျွပ်"..ဆိုတဲ့အသံကိုနားထောင်ရင်း..ငုံ့ကြည့်လိုက်သည်....အဲ့ဒီအတိုင်းသာ...ဆက်ပွတ်နေရင်း...ပြန်မေးလိုက်သည်...

"အကြောင်းပြချက်က...."

"မရှိဘူး...Boss..."

ဒီတစ်ခါတော့..သူခေါင်းမော့ကြည့်ဖြစ်လိုက်သည်....မိုက်ကတော့..သူ့ကိုမကြည့်...ဆုပ်ကိုင်ထားတဲ့လက်နှစ်ဖက်ကိုသာငုံ့ကြည့်နေသည်...

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now