အပိုင်း- 28

63 1 0
                                    

...

...

...

(unicode )

လေဆိပ်အဆောက်အအုံပေါ်သူရောက်လာတော့...သူ့အားလာကြိုပေးသည့်သူကိုမျက်လုံးဝှေ့ကာရှာနေလိုက်မိသည်....

"လှိုင်းလေး!!..လှိုင်းလေး!!...ဒီမှာ!!...."

အသံကြားရာဆီအကြည့်ရောက်သွားရတော့....ကွေးညွှတ်သွားသည့်နှုတ်ခမ်းထောင့်နဲ့အတူသူထိုအနားသို့ပြေးသွားလိုက်မိသည်....

"အကိုမှိုင်း.....လွမ်းနေတာ...."

နွေးထွေးလှသည့်...နူးနူးညံ့ညံ့ပြန်ဖတ်လာမှု့ကြောင့်....သူနေလို့တစ်ကယ်ကိုကောင်းသွားခဲ့ရသည်...နောက်..လူခြင်းပြန်ကွာလိုက်ကြပြီး...

"ပြောတော့ကိုမိုးလာကြိုမှာဆို...ခုကဘယ်လိုကြောင့်အကိုမှိုင်းဖြစ်သွားရတာလဲ...."

အကိုမှိုင်းကလေယာဉ်ပေါ်တွင်ဖြစ်သလိုအိပ်လာလို့...ပုံပျက်နေရသည့်..သူ့ဆံပင်တွေကိုသပ်တင်ပေးရင်း....

"အင်း...မိုးထိကရုတ်တရက်အရေးကြီး..ကိစ္စပေါ်လာလို့အဲ့ဒါကြောင့်အကိုမှိုင်းကအစားထိုး..လာကြိုပေးတာ...ဘာလဲ...အဆင်မပြေလို့လား..."

"ဟင့်အင်း...ဒီတိုင်းမေးကြည့်မိတာ....အကိုမှိုင်းဖြစ်နေလို့ပိုပျော်တယ်...ဒါနဲ့တစ်ယောက်ထဲလား...."

သူဘေးဘီကိုမျက်စိကစားရင်းမေးလိုက်တော့...အကိုမှိုင်းကအပြင်ဘက်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး...သူ့အမေးကိုပြန်ဖြေလာခဲ့၏...

"မဟုတ်ဘူး...လှိုင်းလေးကိုကြီးနဲ့လာတာ...အရေးကြီးဖုန်းဝင်လာလို့ဆိုလား..အပြင်ခနထွက်သွားတယ်လေ...."

ပြောပြောဆိုဆိုလုပ်နေတုန်းမှာပဲကိုကြီးကဝင်လာခဲ့လို့...အကိုမှိုင်းက..မေးဆတ်ပြလာခဲ့ပြီး....

"ဟော..ဟိုမှာပြောရင်းဆိုရင်း..လာနေပါပြီ..အသက်ရှည်ပါဦးမယ်...."

အနားရောက်လာသည့်ကိုကြီးကိုသူပြုံးပြလိုက်ပြီး....

"ကိုကြီး..."

ဟုခေါ်လိုက်တော့...ကိုကြီးကပြန်ပြုံးပြလာခဲ့တော့၏....ဘောင်းဘီထဲလက်နှိုက်လျှက်ပင်....အကိုမှိုင်းကိုအရင်လှည့်ကြည့်လိုက်ပြီးတော့မှ...သူကိုပြန်ကြည့်လာကာ....

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now