အပိုင်း- 14

84 4 0
                                    

...

...

...

(unicode )

"ကိုကြီး!!!..ကိုကြီး!!!..."

"ဟင်!..အင်!..."

သူကိုခေါ်နေတဲ့..အသံလိုလိုကြောင့်..သူယောင်ထူးရင်း...တစ်ဖက်ကိုလှည့်ကြည့်လိုက်တယ်...လှိုင်းရေစင်..သူ့ကိုကြည့်ရင်း...မေးလာတယ်...

"ကျွန်တော်..ခေါ်နေတာ..ကြာလှပေါ့..ကိုကြီးက..မြစ်ပြင်ကြီးကြည့်ပြီး..ဘာတွေတွေးနေပြန်တာလဲ..."

လှိုင်းရေစင်အမေးကိုပြန်မဖြေလိုက်သေးပဲ..သူ့အကြည့်ကိုသာ..မြေကြီးပေါ်အရင်လွှဲလိုက်တယ်..ပြီးတော့ခေါင်းပြန်မော့လိုက်ပြီး...ဦးတည်ရာမထားပဲ..အဝေးတစ်နေရာကို..ပြန်ငေးကြည့်လိုက်ပြီး...သက်ပြင်းချလိုက်ပြီးတော့မှ..လှိုင်းရေစင်..အမေးကိုပြန်ဖြေလိုက်တော့တယ်....

"ဒီလိုပါပဲ...တောင်တန်းတွေရဲ့..အလွန်မှာ..ဘာရှိလဲဆိုတာမျိုး.....ဒီမြစ်ပြင်ကျယ်ကြီးအောက်မှာ..မျောလွှင့်သွားရတဲ့..အိမ်မက်အစိုင်အခဲတွေ..စုပုံနေမလားဆိုတာမျိုး...အပြာရောင်မိုးသားအောက်က..လူတစ်ယောက်ရဲ့..ပူလောင်မှု့က..ဘယ်လောက်ထိ..အားကြီးလဲဆိုတာမျိုး...ဒီလို.အတွေး..အမျိုးမျိုးပေါ့...."

"တစ်ခါတစ်လေ..ကိုကြီး..ဘာကိုပြောချင်နေတာလဲဆိုတာကို..ကျွန်တော်နားမလည်နိုင်ဘူး..."

သူလှိုင်းရေစင်ကိုပြန်လှည့်ကြည့်လိုက်ပြီ...

"အဟွန့်!..လူတိုင်းပဲ..ဒီလိုပြောခဲ့ဖူးတာ..လူတိုင်းပဲ..ဒါနဲ့..ဘေးကပုံးကြီးက..ဘာလဲ..."

လှိုင်းရေစင်နဘေးကပုံးကြီးကို..မျက်စပစ်ပြရင်းမေးလိုက်တော့...

"အော်!..ငစိုးရဲ့...လှေလောက်ရှိတဲ့ငါးက..အကောင်သေးချင်ယောင်ဆောင်ပြီး..ဒီပုံးထဲမှာ..လာအိပ်ပျော်နေတာလေ..."

လှိုင်းရေစင်က..နဘေးကပုံးကိုသူ့ရှေ့ဆွဲယူပြီး..ပုံးကိုစောင်းပြရင်းပြောလာတော့..သူပုံးထဲလှမ်းကြည့်လိုက်တယ်....သူအမည်မသိတဲ့..ငါးအရွယ်တော်လေးသုံးကောင်....

"ဟိတ်ကောင်!!..ငါကြားတယ်နော်!!!..."

မြစ်ထဲ.ကနေ...စိုးလွင်ဦး..တစ်ယောက်ရေကူးရာမှ..လှမ်းအော်ပြောလာတယ်....

မောင့်ရှင်သန်ရာ..(S-2)Where stories live. Discover now