Intro

3.8K 183 22
                                    

11AM News..

"တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ဟန်နမ်ဆေးရုံတွင် ယနေ့နံနက် 9နာရီက တစ်နိုင်ငံလုံးဆိုင်ရာဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပခဲ့တာဖြစ်သည်။  မြို့နယ်အသီးသီးမှ ဆေးဝန်ထမ်းများတတ်ရောက်ခဲ့ကြပီး ၊ ဋ္ဌာနအလိုက်ရှင်းလင်းဟောကြားချက်များကို သက်ဆိုင်ရာ ပရော်ဖက်ဆာများမှ အသိပညာများပြန်လည်မျှဝေခဲ့သည်ဟုသိရပါသည်။
SBSမှ သတင်းထောက် ကင်ယူရှင်းပါ"

ခါးရိုးကျိုးသည့်လူနာအတွက်CT Scanကို ဒေါက်တာရှင်းဆီပို့ပေးပီးနောက် သူနာပြုနမ်တီဗွီစခရင်မှ သတင်းကိုကြည့်ကာဘေးမှာဆေးမှတ်တမ်းရေးနေသည့် သူနာပြုယူကိုလက်တို့လိုက်သည်။

"ဘာလဲ သူနာပြုနမ်"

အနားမှာဒေါက်တာရှင်းလည်း ရှိနေသေးသည်မို့ ထုတ်မပြောလိုတာကြောင့် တီဗွီရှိရာဆီမျက်စပစ်ပြလိုက်၏။

"သူနာပြုနမ် ၊ ကျွန်တော့်ကိုလူနာသွေးပေါင်ချိန်မှတ်တမ်းပေးပါ"

"ဟုက် ဟုက်ကဲ့ဒေါက်တာ...ဒီမှာပါ"

"ကျေးဇူးပါ"

မှတ်တမ်းဖိုင်ယူသွားကာ ထွက်သွားသည့်ဒေါက်တာရှင်းကြောင့် ခုနကတည်းကပြောချင်နေသည့်စိတ်ကို ဖွင့်ထုတ်လိုက်တော့သည်။

"တွေ့လား သူနာပြုယူ၊ အခုဆွေးနွေးပွဲလုပ်နေတဲ့ ဟန်နမ်ဆေးရုံလေ။အဲ့ဒီဆေးရုံအုပ်ရဲ့သားက ကျွန်မတို့ဆေးရုံကိုနောက်အပတ်ကစပီး ပြောင်းလာမှာ၊ ဟိုမှာ..ဟိုမှာ ၊ မျက်မှန်တပ်ထားတဲ့ဆရာဝန်ဘေးက တစ်ယောက်ပဲ၊ ဘယ်လိုလဲ ချောတယ်မလား"

"တော်တော်တော့ချောသားပဲ ၊ နောက်အပတ်လာရင်ကျွန်မတို့ မျက်စိအစာကျွေးစရာလေးပေါ့"

"ခဏ! အာ့မှာတင်စိတ်လေးကိုထိန်းထား သူနာပြုယူ၊ ကျွန်မပြောပြမယ့်အကြောင်းကမပီးသေးဘူး"

ထိုစဥ် သူနာပြုယူဘေးမှ တခြားသူနာပြုတွေပါ စကားဝိုင်းဆီဝိုင်းအုံလာကာ ဆက်ပြောလာမည့်သူနာပြုနမ်စကားကို စောင့်ဆိုင်းနေကြ၏။ သူနာပြုနမ်က ဟန်ပါပါဖြင့်မျက်မှန်ကိုင်းကိုလက်တစ်ဖက်ဖြင့် ပင့်တင်ရင်း ။

Because Of YouWhere stories live. Discover now