12'

2.1K 186 53
                                    

ဆောနူလည်ပင်းကိုသူ့ဘယ်ဘက်လက်နဲ့ချုပ်ထားပီး နှုတ်ခမ်းတွေထူပူလာသည်အထိသူနမ်းနေတာမရပ်နိုင်သေး။ တွယ်ချိတ်ထားတဲ့ကြယ်သီးတွေကအလျဥ်းမရှိတော့သည်မို့ ရှပ်အပြာလေးကလည်းဆောနူခန္ဓာကိုယ်မှာလျော့တိလျော့ရဲအနေအထားနဲ့ဖြစ်နေ၏။

"အွန်းစ်.....တော်...ပါတော့၊ ခဏ....."

ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကိုပွတ်သပ်နေတဲ့သူ့လက်ဖဝါးကို ဆောနူအမိအရဖမ်းဆွဲကာတားလိုက်ရင်း၊ ပူးကပ်နေတဲ့မျက်နှာနှစ်ခုကိုလည်းဖယ်ခွာပစ်လိုက်မိသည်။ ဒါကို အရှိန်မသပ်နိုင်ပဲဆောနူလည်ပင်းတွေဆီသူ့နှုတ်ခမ်းတွေထိကပ်ပစ်ကာနေသည်မို့.....

"ဆောင်းဟွန်း...တော်... အာ့! နာတယ်လို့! ငါခဏနေဂျူတီပြန်ဝင်ရဦးမှာပါဆို"

"ပြန်မလွှတ်ချင်တော့ဘူး၊ နောက်တစ်ခါညဂျူတီဆိုတဲ့အကြောင်းကို ခင်ဗျားယောင်လို့တောင်မပြောမိစေနဲ့"

ဆောနူနှာခေါင်းရှုံ့လိုက်မိသည်။ သူဒီလိုမပြောလည်း ဆောနူနောက်တစ်ကြိမ်ညဂျူတီကိုဝင်ဖို့လုပ်ဖြစ်တော့မည်မဟုက်..။ ခုတစ်ခါနဲ့တင်သူ့အကြောင်းကသိသွားပီမို့။

"အဲ့ဒါဘာဖြစ်တာလဲ မျက်နှာက"

"ဘာမှမဖြစ်ဘူး၊ ဖယ်ပေးတော့အောက်ဆင်းထိုင်မယ်....အချိန်ဘယ်လောက်ရှိသွားပီလဲတောင်မသိဘူး"

ညီးတွားသလိုရေရွတ်ကာပေါင်ပေါ်ကဆင်းဖို့လုပ်နေသူကို ဆောင်းဟွန်းနောက်ကျောကနေသိုင်းဖက်လိုက်ပီး ရင်ချင်းအပ်ပစ်လိုက်၏။ကိုယ့်လက်ချက်နဲ့အဝတ်မဲ့နေပီဖြစ်တဲ့ရင်ဘတ်ဖြူဖြူလေးက ဆောင်းဟွန်းရင်ခွင်နဲ့အတိုင်းသားထိကပ်နေသည်မို့ သဘောတကျရှိလှသည်....။ ရုန်းဖို့လုပ်နေသူရဲ့ဂုတ်ပိုးလေးကိုနမ်းရှိုက်ပစ်လိုက်လျှင် ခန္ဓာကိုယ်လေးကတွန့်ခနဲဖြစ်သွား၏။ အဟင်း.....ဆောင်းဟွန်းသိတာပေါ့...သူ့ရဲ့အထိမခံနိုင်တဲ့နေရာကဘယ်နေရာလဲဆိုတာကို။

"မနေ့ညက....."

"ဟင်"

မပြီးပြတ်သေးတဲ့မနေ့ညကအကြောင်းကိုစကားဆက်မိတော့ ခေါင်းလေးငုံ့ကာရှိနေရာကဆောင်းဟွန်းကိုကြည့်လာ၏။ အကြည့်ချင်းဆုံနေရာက သူ့နှုတ်ခမ်းတွေဆီဆောင်းဟွန်းတိုးကပ်သွားမိလျှင် မျက်နှာကိုဘေးဘက်လွှဲသွားသည်မို့၊ မေးဖျားလေးကတဆင့်ပြန်ဆွဲယူလိုက်ရင်း...မျက်ဝန်းညိုတွေကိုစူးစူးနင့်နင့်ကြည့်လိုက်ကာ...

Because Of YouWhere stories live. Discover now