Ep-1

2.1K 196 34
                                    

ခွဲခန်းပြင်ပမှမြင်နေရသည့် ခွဲစိတ်ခန်းအသုံးပြုချိန်ကိုပြနေသည့်နာရီက စက္ကန့်အလိုက်ရွေ့နေရာမှ ရပ်တန့်သွားသည် .....။ ထို့နောက် ယူနီဖောင်းရဲ့ကျောဘက်မှာ ချွေးစတွေဟိုတကွက်ဒီတကွက်နဲ့ အနည်းငယ်နွမ်းနယ်နေဟန်ရှိကြတဲ့သူနာပြုနှစ်ယောက်က လူနာကိုတင်ထားသည့်ရွေ့လျားကုတင်ကိုတွန်းကာခွဲခန်းအတွင်းမှ ထွက်လာသည်မို့ စောင့်ဆိုင်းနေကြသည့်လူနာရှင်တွေလည်း အခြေအနေမေးမြန်းရင်းနောက်မှလိုက်သွားကြ၏...။

"ဒီတစ်ကြိမ်လည်း လူနာကိုကယ်တင်လိုက်နိုင်ပြန်ပါပီ ဒေါက်တာကင်ဆောနူ....ပင်ပန်းသွားရပါပီ"

"ဆရာမတို့ရောပဲ အကုန်လုံးပင်ပန်းသွားကြရပါပီ...၊ လူနာရဲ့နောက်ဆက်တွဲလက္ခဏာတွေကိုသာ ကျွန်တော့်ဆီနာရီနဲ့အလိုက်တင်ပြပေးပါ...တာဝန်ကျေသွား ကြပါပီ အားလုံးပဲ...ကျွန်တော့ကိုခွင့်ပြုကြပါဦး"

ခွဲစိတ်ခန်းသုံးအပေါ်ဝတ်ကိုချွတ်ရင်း ပြင်ပဘေစင်မှာလက်သန့်စင်နေသည့် ဒေါက်တာ့ကိုကြည့်ပီး အတူခွဲစိတ်ခန်းဝင်ခဲ့ကြတဲ့ လက်ထောက်ဒေါက်တာနဲ့ သူနာပြုတွေရဲ့စိတ်ထဲမှာ နှမြောစိတ်သာကြီးစိုးနေကြ၏...။ နောက်တစ်ပတ်ထဲမှာတခြားဆေးရုံကို ရွေ့ပြောင်းတော့မယ်ဆိုတာကို သူတို့မယုံချင်ကြသေးပေမယ့် မပြောင်းလဲတော့မယ့်အမှန်တရားတစ်ခုပဲမဟုက်ပါလား...။

..

ရင်ဘတ်ပိုင်းမှာချွေးစအနည်းငယ်ရှိနေပေမယ့်လို့ ဆောနူခန္ဓာကိုယ်ကထူးထွေပီးပင်ပန်းနေတယ်လို့မခံစားရ....။ လူနာတစ်ယောက်ရဲ့အသက်ကို သူဆုပ်ကိုင်ထားတဲ့လက်ထဲကဓားအဖျားလေးနဲ့ထိတွေ့ပီး ကယ်တင်လိုက်နိုင်တဲ့ခံစားချက်က ခုချိန်ထိဆောနူကိုပျော်ရွှင်မှုတွေပေးနေဆဲပဲ...။ မရေမတွက်နိုင်တော့မယ့်ခွဲစိတ်မှုတွေများစွာလုပ်ခဲ့ဖူးပေမယ့်လို့ စည်းချက်မှန်မှန်လှုပ်ခတ်နေပီး သွေးပေနေတဲ့နှလုံးကိုတွေ့ရတိုင်း ခံစားရတဲ့ခံစားချက်ကတော့အမြဲဆန်းသစ်နေတာဖြစ်သည်....။

..ဒေါက်တာကင်ဆောနူ

ဟန်နမ်ဆေးရုံ၊ ဆိုးလ်မြို့..

duty coatအဖြူရောင်လေးရဲ့ ဝဲဘက်ထောင့်နေရာမှာကပ်ထားသည့် နာမည်ကတ်ပြားလေးကိုလက်ဖြင့်အသာပွတ်ကြည့်နေမိရင်း ဒီနှစ်ပိုင်းတွေအတွင်းဖြတ်သန်းခဲ့ရတဲ့နေ့စဥ်ဘဝတွေကို ပြန်လည်မြင်ယောင်နေမိသည်.....။ ထိုစဥ်တဒွီဒွီမြည်လာသည့် ဖုန်းကြောင့်ကုတ်အက်ျီအတွင်းမှထုတ်ယူကာကြည့်လိုက်လျှင် ဖေဖေခေါ်တာဖြစ်သည်မို့....

Because Of YouWhere stories live. Discover now