"ဒီတီဗွီအစီအစဥ်ကို ဒေါက်တာဆောနူနဲ့သာချိတ်ဆက်ချင်တာမို့ အခုလိုထပ်ပီးအနှောင့်အယှက်ပေးမိရတာပါ၊ မအားတဲ့ကြားကအချိန်ဖဲ့ပေးလို့လည်း အမှန်တကယ်ကိုကျေးဇူးတင်ရပါတယ်ဗျာ"
"ဟုက်ကဲ့အချိန်ပေးရတာနဲ့ပက်သက်ပီး စိတ်ထဲမထားလို့ဖြစ်ပါတယ်"
ဆောနူထိုကဲ့သို့ပြောလိုက်ပေမယ့်လည်း ခုချိန်ထိအားနာနေသေးပုံရတဲ့ ဒါရိုက်တာကသူ့မျက်ခုံးကိုလက်ဖျားနဲ့ကုတ်ခြစ်လိုက်ပြန်၏။ဒါသူ့ရဲ့စိတ်လှုပ်ရှားတိုင်းလုပ်တတ်သည့်အပြုအမူတစ်ခုဖြစ်ပုံရသည်။
"ကျွန်တော့်အနေနဲ့လည်း ခုလိုတသီးတသန့်တွေ့ဖို့ထိကြိုးစားပီးကာမှ ဒီအတိုင်းလှည့်ပြန်မသွားချင်လို့ပါဒေါက်တာ၊ တစ်ပတ်ကိုအချိန်2နာရီလောက်ပဲ ကျွန်တော်တို့အစီအစဥ်မှာပါဝင်ပေးဖို့ပါ...
ဒေါက်တာရဲ့လူထုအပေါ်လွှမ်းမိုးမှုရှိနိုင်တဲ့ဟောပြောမှုကို
ကျွန်တော့်ဘက်ကအမှန်တကယ်ကိုအသုံးပြုချင်တာပါ။ပြီးတော့ ဆိုရှယ်ပိုင်းကိုစုံစမ်းကြည့်တော့လည်း ဒေါက်တာ့Instagramအကောင့်ရဲ့Followerအရေအတွက်က အနုပညာရှင်တစ်ယောက်နဲ့တောင်ယှဥ်လို့ရတဲ့အနေအထားမျိုးမှာမို့ ဒီလိုတီဗွီအစီအစဥ်မှာပါဝင်ပေးခဲ့မယ်ဆိုရင် လူစိတ်ဝင်စားမှုကပိုပီးမြင့်တတ်မလာလောက်ဘူးလား..ဆိုတဲ့အတွေးနဲ့ပါ။ ဒါကျွန်တော့်ဘက်ကအတွေးတွေကို ရိုးရိုးသားသားနဲ့ထုတ်ပြောပြတာပါဗျာ"အင်စတာဂရမ်ဆိုတဲ့စကားကြောင့် ဆောနူခန္ဓာကိုယ် မတ်ကနဲဖြစ်သွား၏။သူပြောတဲ့Followerတွေ Instagram
accountတွေဆိုတာ ဆောနူအရင်ဆေးကျောင်းသားဘဝတုန်းကသုံးခဲ့တဲ့အရာတွေ။" ဒေါက်တာ "
"ဟုက်ကဲ့၊ အင်စတာဂရမ်အကြောင်းပြောလို့နည်းနည်းတွေးမိသွားလို့ပါ.... တကယ်တော့ကျွန်တော်SNSတွေမသုံးဖြစ်တာနှစ်အတော်ကြာနေပီဗျ ၊ ပြီးတော့ ဒါရိုက်တာလူကြီးမင်းထင်နေသလိုမျိုး ကျွန်တော်ကလူရှေ့ထွက်ပြရတာမျိုးတွေမှာ မတော်ပါဘူး၊ ဆွေးနွေးပွဲတွေမှာ တစ်ခါတလေကျွန်တော်ရှေ့ထွက်ပီးပြောတာတွေက လိုအပ်လို့ရော၊မဖြစ်မနေအခြေအနေတွေကြောင့်ရောမို့ပါ"