"လှဲအိပ်မလား"လက်တင်စရာဘားတန်းကိုဖယ်ပီး သူ့ပေါင်ကိုပုတ်ပြနေတဲ့သူကြောင့် ဆောနူခေါင်းယမ်းပြလိုက်ကာ၊ ကားပြတင်းပေါက်မှတဆင့် ဆိုးလ်လမ်းမရဲ့ညမီးရောင်တွေကိုသာငေးနေလိုက်တော့သည်..။
သူဖုန်းဆက်တယ်ဆိုတာကိုဟျွန်းမင်းပြောလို့သိထားပေမယ့်လို့ ဒီလိုမျိုးရောက်လာလိမ့်မယ်လို့ထင်မထားခဲ့..။ ရောက်လာရုံတင်မဟုက်..၊ လူကိုဘာမှမမေးမြန်းပဲသူ့ကားပေါ်ပွေ့တင်ပစ်လိုက်တာက ဘယ်ဘက်ကတွေးတွေး ဆောနူအပေါ်ကိုလေးစားမှုမရှိတာပဲ။ သူနဲ့မကြာခင်လက်ထပ်ရတော့မှာမို့ ဒီလိုပိုင်စိုးပိုင်နင်းတွေလုပ်တာဆိုရင် နောက်မလုပ်အောင် သတိပေးထားမှရတော့မည်..။
"လှဲအိပ်လိုက်! ထိုင်နေရတာအဆင်မပြေဘူးမလား.."
"ရတယ်၊ အဲ့ဒီလောက်ထိမမူးသေးဘူး...အာ့!"
ကားအနောက်ခုံရဲ့ ဟိုဘက်စွန်း၊ဒီဘက်စွန်းမှာထိုင်နေကြသည်ကို ဘယ်လိုအားနဲ့များလှမ်းဆွဲချလဲမသိ..။ အငြင်းစကားဆိုနေရင်းက အသိဝင်လာတော့ ဆောနူခေါင်းကသူ့ပေါင်ပေါ်မှာရှိနေပီ။
သောက်ထားသည့်အရှိန်ကအသိစိတ်ရှိနေပေမယ့်လို့ ခန္ဓာကိုယ်ကအားပျော့နေသေးတာကြောင့် ချက်ချင်းပြန်ထဖို့ကိုအားယူနေတုန်း..
"ငြိမ်ငြိမ်နေလေ..! ဒီလိုလှုပ်နေရင် ပိုမူးမှာပေါ့"
"ရတယ်လို့...၊ ခုံနောက်မှီပဲအနောက်လှန်ပီးလှဲလိုက်မယ်...ငါထ အင့်!"
ပက်လက်ဖြစ်နေသည့်ခန္ဓာကိုယ်က ဘေးတစောင်းပုံစံအပြောင်းခံလိုက်ရကာ သူ့ဝမ်းဗိုက်နေရာမှာဆောနူမျက်နှာအပ်မိသွားသည်။ ထို့နောက် နှာခေါင်းဝမှတဆင့်ရေမွှေးနံ့သင်းသင်းကတိုးဝင်လာလျှင် ...
"မင်း!"
"ငြိမ်ငြိမ်နေလို့ ပြောတည်းကငြိမ်လိုက်လေ! ...၊ မကြာခင်
ခင်ဗျားကကျုပ်လူဖြစ်တော့မှာ..ဒီလောက်အသားလေးထိတာကို ဖြစ်ပျက်မနေနဲ့..."ဆောနူဆံပင်တွေကြားသူ့လက်နဲ့ထိုးဖွနေပီး လူကိုပြောလာတဲ့စကားတွေကလည်း နည်းနည်းလေးမှနားဝင်စရာရှိမနေ..။
လက်ထပ်လိုက်တာနဲ့ပဲ ကိုယ်ကသူ့လူဖြစ်သွားရောတဲ့လား!