"နှလုံးခုန်နှုန်းလည်း ပုံမာန်ပါပဲဘိုးဘိုး"
နှလုံးခုန်စက်အသေးလေးနဲ့ဆက်သွယ်ထားတဲ့ ညှပ်ကလစ်ကိုနားမှာချိတ်တွယ်ထားရာမှဖြုတ်ပေးလိုက်ပီး ဆောနူဘိုးဘိုးကိုကြည့်လိုက်တော့.....
"ပြောစရာရှိသလား မြေး"
ပြောချင်တာကသေချာပေါက်ကိုရှိနေတာပေါ့။ အဲ့ဒါမို့လည်း အမြဲဖေဖေစစ်ပေးနေကြ သွေးခုန်နှုန်း၊နှလုံးခုန်နှုန်းစက်တွေသယ်ပီး ရောက်လာခဲ့ရတာပဲလေ...။
"ပတ်ခ်မိသားစုနဲ့ကိစ္စကို ဘိုးဘိုးဘက်ကပြန်တွေးပေးလို့မရနိုင်တော့ဘူးလား..."
"အင်း............မကြာခင်ပဲ လက်ထပ်ပွဲကအကောင်အထည်ပေါ်လာတော့မှာကို ..ငါ့မြေးကအခုထိလက်မလျော့သေးဘူးလား"
ဆောနူအလိုမကျစွာ မျက်မှောင်ကျုံ့ပစ်မိ၏။ လက်လျော့ရအောင် ဒီကိစ္စကသေးသေးမွှားမွှားမှမဟုက်ပဲ..။ ဆောနူတစ်ဘဝလုံးနဲ့ဆိုင်နေတဲ့ကိစ္စတစ်ခုကို ....!
" ကဲပါ မြေးရယ်...မျက်နှာလေးလည်းစူပုတ်မနေစမ်းပါနဲ့၊ တစ်ခါတလေလေး duty offတာကို အခန်းထဲအေးဆေးလေးပြန်နားချည်...၊ ဘိုးဘိုးကဧည့်သည်ခေါ်ထားသေးလို့ ဒီမှာခဏစောင့်လိုက်ဦးမယ်"
အချိန်ကဖြင့် ည7နာရီတောင်ရှိနေပီ။ ဘယ်ဧည့်သည်ကိုစောင့်နေတာလဲဆိုတာကို မေးဖို့ပေမယ့် ပြောလက်စ'စကားအပြတ်မခံနိုင်သည်မလို့...။
"ဘိုးဘိုးကို အရင်တစ်ခါကလည်းပြောထားပီးသားပဲ.....၊ မတော်တဆမှုတစ်ခုကြောင့်နဲ့ ဘဝတစ်ခုလုံးအချုပ်အနှောင်မခံနိုင်ဘူးလို့၊ ပြီးတော့ ခုလိုခေတ်ထဲမှာ တစ်ညတာဖြတ်သန်းပီးရုံနဲ့"
"တော်စမ်း မြေး!၊ လက်ထပ်ပွဲကိုလက်မခံချင်တာနဲ့ပဲ ဒီလိုကိုယ့်တန်ဖိုးကျစေမယ့်စကားတွေ ဘိုးဘိုးရှေ့ထပ်မပြောမိစေနဲ့!"
ဘိုးဘိုးမျက်နှာကြောတွေတည်တင်းသွားကာ လေသံမှာလည်းအနည်းငယ်မာထန်လာသည်ကို ဆောနူသိပေမယ့်လို့ ဆက်ပြောမယ့်စကားတွေကိုစိတ်ထဲ စီတန်းထားမိဆဲ။
"တန်ဖိုးကျသွားရအောင်က မြေးကယောကျ်ားလေးတစ်ယောက်ပါဘိုးဘိုး၊ မြေးလိုအရွယ်ယောကျာ်းလေးတွေ ONSဆက်ဆံရေးတွေနဲ့ပျော်ပါးနေကြတဲ့သူတွေလည်းတစ်ပုံကြီးပဲ၊ ဒါကိုမြေးအရင်တည်းကလည်း ပြောခဲ့ပါတယ်....မတော်တဆမှုတစ်ခုလို့ပဲ ထားလိုက်ကြဖို့ကို"