"မင်းချစ်မိနေပီဆောနူ"ဆောနူပြောသမျှကိုတိတ်တဆိတ်နားထောင်နေတဲ့..ဟျွန်းမင်းရဲ့ အဆုံးသတ်မှတ်ချက်ကြောင့် ခေါင်းသာတွင်တွင်ခါပြလိုက်သည်။သူပြောသလို ဘယ်လိုမှမဖြစ်နိုင်တာမို့....။
ဒါပေမယ့် ဟျွန်းမင်းကတော့ သေချာတဲ့ခန့်မှန်းချက်ကိုထုတ်ထားနိုင်တဲ့ပုံစံမျိုးနှင့်ရှိနေ၏။"ငါပြောမယ်ဆောနူ မင်းစိတ်ကိုယ်မင်းသေချာပြန်စမ်းစစ်ကြည့်လိုက်၊ တစ်ခုပဲ စိတ်ကိုတော့ဖွင့်ထားပေါ့...မင်းသူ့ကိုကြည့်မရဘူးလို့ဆိုတဲ့အတွေးတစ်ခုတည်းနဲ့ မင်းရင်ထဲကခံစားချက်တွေကိုဖုံးကွယ်ပစ်လို့မရနိုင်ဘူး..၊ အခုပဲကြည့်...မင်းသူ့ကိုသဝန်တိုပီး၊စိတ်ဆိုးနေတယ်မဟုက်လား...."
"ငါသူ့ကိုသဝန်မတိုဘူးဟျွန်းမင်း.....ငါ့အပေါ်လိမ်ညာလို့စိတ်တိုတာတစ်ခုပဲ၊ သူသာငါ့ကိုအဲ့ဒီမိန်းကလေးနဲ့ဆက်မပက်သက်တော့ပါဘူးလို့မပြောခဲ့ဖူးရင် ငါခုလိုဖြစ်နေမှာမဟုက်ဘူး..အခုက..."
ဆောနူပြောနေရင်းကအသံတိမ်ဝင်သွားသည်မို့ မျက်နှာကိုဘေးဘက်လွှဲပစ်လိုက်၏။ရှေ့မျက်နှာချင်းဆိုင်ကဟျွန်းမင်းက ဆောနူမျက်နှာအရိပ်အခြေကိုအမိအရဖမ်းနေတာမို့၊ရင်မဆိုင်ချင်၍ဆိုရင်လည်းမမှား...။ ဆောနူအခုဖြစ်နေတဲ့ခံစားချက်ကြီးကိုမုန်းလွန်းလို့ နေထိုင်လို့ပင်အဆင်မပြေတော့ဘူး.... ။ သူ့ကုမ္ပဏီကပြန်ထွက်လာတည်းက လူကစိတ်အဆင်မပြေတော့တာမို့ဟျွန်းမင်းကိုတွေ့ကြဖို့ချိန်းလိုက်ရတာ..။ ကော်ဖီဆိုင်ရဲ့ထောင့်ကဝိုင်းမှာ ဆောနူရဲ့ရင်ထဲကအစိုင်အခဲတွေကိုအကုန်ဖွင့်ဟပစ်လိုက်တာပေမယ့် ထင်ထားသလိုစိတ်ထဲပေါ့မသွား...။
အဲ့ဒီကောင်မလေးရဲ့ ရဲတင်းလှတဲ့အပြုအမူတွေကပြန်တွေးမိတိုင်းရင်ထဲမှာတနုတ်နုတ်ရယ်။ ကိုယ့်အပေါ်လိမ်ညာရက်တဲ့သူကိုလည်း ဘယ်လိုမှမကျေနပ်နိုင်။ သူဆောနူကို ကတိတွေအထပ်ထပ်အခါခါပေးပီးကာမှ.......။ အာ့လိုအပေါစားကတိတွေမပေးပဲလူကိုလျစ်လျူရှုခဲ့ရင်တောင်ခုလိုခံစားနေရမှာမဟုက်။
"ကဲပါ ဆက်တွေးမနေပါနဲ့တော့၊ မင်းကိစ္စကတွေးလေ လမ်းမှားရောက်လေပဲဖြစ်မှာ...အခုဖြစ်တဲ့ပြဿနာကမင်းဘက်ကသူ့အပေါ်ယုံကြည်မှုမရှိလို့,လို့ပဲငါထင်တယ်၊ တစ်ဖက်မိန်းကလေးကသူ့ကိုလိုချင်လို့ ဆေးတောင်ခပ်ခဲ့တယ်လို့မင်းပြောတယ်မဟုက်လား...."