လူအရေအတွက်ငါးဆယ်ကျော်နီးပါးဆန့်နိုင်မည့် ဟောခန်းတစ်ခုထဲတွင်ဖြစ်သည်။စင်မြင့်ထက်မှာတော့ ဆေးဘက်ဆိုင်ရာအသင်းအဖွဲ့အစည်းအရဲ့ဥက္ကဋ္ဌက ဒီနေ့ရဲ့ဆွေးနွေးပွဲရလာဒ်နဲ့ပက်သက်ပီး နိဂုံးချုပ်ကာပြောနေခြင်းပင်...။ပုံမာန်ဆွေးနွေးပွဲတွေဆိုလျှင် ဆေးဘက်ဆိုင်ရာနဲ့သက်ဆိုင်တဲ့သူတွေသာတတ်ရောက်ကြပေမယ့်လို့ ဒီနေ့မှာတော့နိုင်ငံရေးခေါင်းဆောင်တစ်ချို့ပါရှေ့တန်းကခုံနေရာမှာရှိနေကြ၏...။
"သားတို့ဒီကိစ္စကိုလျစ်လျူရှုထားလို့မဖြစ်ဘူးဖေဖေ....အခုတင်ပြချက်တွေအတိုင်းကူးစက်ရောဂါသာအမှန်ဆိုရင် မြန်မြန်အစီအစဥ်ဆွဲသင့်နေပီ"
ဘေးခုံကပ်လျက်မှာထိုင်နေတဲ့သားဖြစ်သူဆီကအသံထွက်လာ၏။ကင်ဟျွန်းဆော သားကိုငဲ့ကြည့်လိုက်ရင်းကအသာငြိမ်နေရန်အချက်ပြလိုက်ရသည်...။ခုကိစ္စကသားပြောသလိုမျိုးရိုးရှင်းတဲ့ကိစ္စဟုက်မနေတာမို့...။ ခုလက်ရှိရွေးကောက်ပွဲအခြေအနေကြောင့် နိုင်ငံရေးအခြေအနေကငြိမ်လှတယ်ရယ်မဟုက်..။ဒါကြောင့်မို့လည်း တောင်ကိုရီးယားနယ်စပ်ဒေသမှာကူးစက်ရောဂါတစ်မျိုးပြန့်နေတဲ့အကြောင်းကိုပြည်သူလူထုဆီအရောက်မခံပဲ ခုလိုသိုသိုသိပ်သိပ်ဆွေးနွေးနေကြခြင်းသာ..။
အထက်ကနိုင်ငံရေးလူကြီးတွေအနေနဲ့ကလည်း ဒီလိုအချိန်မှာနိုင်ငံ့အရေးနဲ့ပက်သက်ပီးကောင်းသတင်းကလွဲ၍လွှင့်လို့မဖြစ်သည်ကို ကင်ဟျွန်းဆောသိသည်....။ သို့သော် သားကတော့ခုလက်ရှိအခြေအနေကိုနားလည်ပေးနိုင်ပုံမပေါ်။ ငွေရောင်လဲ့နေတဲ့ဘောပင်လေးကိုလက်ထဲဖိညှစ်ထားကာ အကြည့်တွေကိုလည်းစင်မြင့်ကနေမလွှဲ။
"နောက်ဆုံးဆုံးဖြတ်ချက်အနေနဲ့ လက်ရှိရောဂါကူးစက်နေတဲ့လူနာတွေရဲ့နေရာကိုအပိုင်းကန့်ပီး Lockdownလုပ်ဖို့ပါ။ ပြီးတော့ လူနာနဲ့အထိအတွေ့ရှိတဲ့လူတွေကိုပါ သီးသန့်အဆောက်အဦးထဲခွဲနေစေဖို့ကို ပထမဆုံးညွှန်ကြားထားပါမယ်"
"နောက်ထပ်တစ်ခုအနေနဲ့ လက် ရှိနယ်စပ်ဘက်မှာရှိနေတဲ့ဆေးဝန်ထမ်းအရေအတွက်ကနည်းပါးနေတဲ့အကြောင်း တင်ပြချက်တွေမှာပါရှိတာအကုန်လုံးတွေ့ပီးကြမှာပါ။ လိုအပ်တဲ့ဆေးဝါးရိက္ခာကိုထောက်ပံ့ပေးဖို့က ကျွန်တော်တို့အတွက်ပြဿနာတစ်ခုမဟုက်ပေမယ့်၊ ဆေးဝန်ထမ်းတွေကိုစေလွှတ်ပေးဖို့ကတော့ ခက်ခဲနေတဲ့အခြေအနေတစ်ခုမှာရှိနေပါတယ်။ဒါကြောင့် ဒီနေ့ဆွေးနွေးပွဲကိုတတ်ရောက်လာကြတဲ့ဆိုးလ်ခရိုင်က ဆေးရုံအုပ်လူကြီးမင်းတို့အနေနဲ့ ဝန်ထမ်းစေလွှတ်မှုကဏ္ဍမှာပူးပေါင်းပါဝင်ပေးကြဖို့ကို မေတ္တာရပ်ခံချင်တာပါ..."