"ဘယ်မှာလဲ"
"ဝါးရုံတောမှာအနားယူနေပါတယ် ....စီအီးအို"
ကြားလိုက်ရသည့်စကားကြောင့် ဆောင်းဟွန်းအိမ်အပေါ်ထပ်ဆီတတ်မယ့်ခြေလှမ်းတွေရပ်တန့်သွား၏..။ လက်ထဲကပါလာတဲ့အိတ်ကို အိမ်တော်ထိန်းဆီကမ်းပေးလိုက်ပီးနောက် တံခါးဆီပြန်လှည့်ကာသွားမိပီးမှ၊ ခြေလှမ်းတွေရပ်လိုက်ရင်း...
"သစ်တောပုံစံငယ်ဖော်ခိုင်းထားတာ အခြေအနေဘယ်လိုရှိနေပီလဲ"
"ဟုက်ကဲ့ စီအီးအိုပတ်ခ်၊ ဒီဇိုင်းအပ်ထားတဲ့အဖွဲ့က မနက်ဖြန်မှရက်ချိန်းရတာမို့"
"နောက်သုံးရက်အတွင်းအပြီးသတ်ပုံစံလိုချင်တယ်"
ဆောင်းဟွန်းစကားဖြတ်ပြောလိုက်ပီးနောက် သူရှိနေမယ့်နေရာဆီသို့ခြေလှမ်းကျဲတွေဖြင့်လျှောက်သွားလိုက်တော့သည်...။ ဝါးရုံတန်းတွေရှိတဲ့နေရာကိုတော့ သူအတော်လေးသဘောကျသည့်ပုံ..။
အဟွန်း.... ။
မနေချင်ပါဘူးငြင်းထားတဲ့ ဒီနေရာမှာ၊ သူသဘောကျတဲ့နေရာတစ်ခုရှိနေသေးတာပဲ။ထိုစဥ်။
"စီအီးအိုပတ်ခ်နဲ့ဒေါက်တာလေးက လိုက်တော့လိုက်ဖက်သားနော်.. အဟိ~မနက်ကလည်းမနက်စာစားနေတဲ့ဒေါက်တာလေးကို ငါတို့စီအီးအိုကြီးက ထိုင်ပီးကြည့်နေတာများ....ပြန်ပြောရင်း ရင်တောင်ခုန်လာပီ"
"လျှောက်တွေးပီးရင်ခုန်မနေနဲ့ ၊ စီအီးအိုတို့ကမချစ်ပဲလက်ထပ်ထားကြတာဆိုလားပဲ..ဟိုတနေ့ကခြံထဲကအဖွဲ့တွေပြောနေကြတာ၊ ဟုက်ချင်လည်းဟုက်မှာ...နေ့လည်ကလာတဲ့ပါဆယ်ထုပ်၊ တွေ့တယ်မလား..ဧည့်ခန်းမှာလေ၊အဲ့ဒါစီအီးအိုပတ်ခ်ရဲ့ အရင်အဆက်ဟောင်းဆီကဖြစ်မယ်လို့ ငါကြားထားတယ်။ စီအီးအိုပတ်ခ်မှာအရင်ရည်းစားဟောင်းရှိခဲ့ဖူးတာကိုငါလည်းကောလဟာလတွေကတဆင့်တော့ သိထားတာမို့၊ အမှန်ဖြစ်မယ်ထင်တယ်.."
"ဟင်...နင်ပြောတာဟုက်ပါ့မလား၊ တကယ်သာဆိုရင် ဒေါက်တာလေးကအဲ့ဒီပါဆယ်ထုပ်ကိုအပေါ်ထပ်ထိသယ်သွားပါ့မလားဟဲ့..၊ အိမ်အပေါ်ထပ်ဆီသေသေချာချာလေး သယ်သွားတာကိုငါ့မျက်လုံးတွေနဲ့တွေ့ထားတာပါဆို"