အခန်းအဝင်ဝမှာတင် နံရံနဲ့သူ့ကြားဂျောင်ပိတ်ခံထားရသလိုဖြစ်နေသည်မို့ ဆောနူထိတ်လန့်ကာထွက်ပေါက်ရှာ၏။ ဒါကိုရိပ်မိသူက နံရံဆီမှာလက်နှစ်ဖက်ထောက်ပစ်ကာ သူ့ရင်ခွင်ထဲထည့်ထားသလိုပုံစံမျိုးနေရာယူပစ်သည်မို့..ဆောနူခေါင်းကိုသာကြမ်းပြင်ရှိရာဆီငုံ့ချထားလိုက်မိသည်..။
ခုချိန်မှာ ဆောနူသူ့ကိုဘာစကားမှ မစရဲ...။
သူဒေါသထွက်နေမှန်း ဆောနူသိတယ်...၊ အဲ့ဒီဒေါသရဲ့အရင်းမြစ်ကလည်း ကိုယ့်ကြောင့်ပဲဆိုတာကို သိနေသည်မို့ပိုဆိုးသည်။"အာ့!"
မေးကနေထိန်းကိုင်ကာ၊ဆက်ကနဲမော့ပစ်သည်မို့ ဆောနူရှောင်ချိန်မရလိုက်။ အကြည့်ချင်းဆုံထားစေပီး လူကိုဘာစကားမှပြောမလာသည်မို့ဆောနူပင့်သက်ရှိုက်ဖို့ကိုတောင်မဝံ့မရဲ..။ဆက်မကြည့်ရဲတော့သည်မို့...သူ့ရဲ့ရေသေလိုငြိမ်နေတဲ့အကြည့်တွေကနေရှောင်ရန်မျက်လွှာချလိုက်မိလျှင် ဟက်ကနဲရယ်သံထွက်လာ၏။
"ညနေကဘာလုပ်သွားတာလဲ"
သူဘာကိုဖြေစေချင်လဲမသိပေမယ့် ဆောနူဘက်ကနေတော့ဖြေစရာမရှိ။ ညနေကဆောနူသူ့ကိုမစောင့်ပဲပြန်သွားတာကို မေးနေတာလား...။ ဒါမှမဟုက် ဟိုမိန်းကလေးကိုဆောနူခွန်းတုံ့ပြန်ခဲ့မိလို့ မကျေနပ်၍လားပဲ...။ လုပ်ရက်နှစ်ခုလုံးကသူသိပီးသားဖြစ်နိုင်သည်မို့ ဆောနူထပ်ပီးပြန်မဖြေချင်..။
"ပတ်ခ်ဆောနူ ကိုယ်မေးနေတာခင်ဗျားကို...ညနေကဘာအချိုး,ချိုးသွားတာလဲလို့!"
ဒေါသသံစွက်နေတဲ့သူ့အသံကိုကြောက်ဖို့ထက် ညနေကဟိုမိန်းကလေးနဲ့ကိစ္စပြန်တွေးမိတော့စိတ်ထဲမကျေနပ်စိတ်ကပြန်ဝင်လာကာ ဆောနူမျက်မှောင်လေးကျုံ့မိလျက်သား။
"ဖယ်ပေး ဆောင်းဟွန်း ၊ ငါ့ကိုဒီလိုပိတ်မထားနဲ့"
"ဟ! ပတ်ခ်ဆောနူ ၊ အခုက ခင်ဗျားဒီလိုလေသံနဲ့ကျုပ်ကိုပြန်ပြောနေရမယ့်အချိန်မဟုက်ဘူးနော်...ပြော...ညနေကဒီကကောင်ပြန်လာတဲ့အထိမစောင့်နိုင်ပဲ ဘာကိစ္စပြန်သွားရတာလဲ! ပြီးတော့ ဗီလာကိုမပြန်ပဲ ဘာလို့ဒီကွန်ဒိုလဲ.....ဟမ်! "