Ep-5

1.7K 184 28
                                    

စားပွဲပေါ်မှာနေရာအပြည့်၊ခင်းကျင်းပြထားတဲ့လက်စွပ်ဒီဇိုင်းတွေကိုကြည့်ပီး ဆောနူခေါင်းမူးစပြုလာ၏... ။ ဒီဇိုင်းအလိုက်ကွာခြားသည့် အဓိပ္ပါယ်အမျိုးမျိုးကိုရှင်းပြနေတဲ့ မန်နေဂျာကမော'မမောတော့ ဆောနူမသိ၊ နားထောင်နေရတဲ့ကိုယ်တိုင်ကအဆင်မပြေတော့သည်မို့ လက်ကာပြလိုက်ရင်း ရပ်ခိုင်းလိုက်မိလျှင်...

"ဟို...ဘာများအဆင်မပြေဖြစ်လို့ပါလဲရှင့်"

"အကုန်အဆင်ပြေပါတယ်..၊ ကျွန်တော့်ကို တစ်ယောက်တည်းပေးနေလို့ရမလား..အေးဆေးရွေးချင်လို့ပါ.. ၊ ဒီi padထဲမှာလည်း ဒီဇိုင်းရဲ့အဓိပ္ပါယ်တွေထည့်ထားတယ်မလား...အဆင်မပြေတာရှိရင်ခေါ်လိုက်ပါ့မယ်"

နှင်တယ်လို့ထင်ရင်လည်း မတတ်နိုင်တော့..။ ဆက်ပီးနားထောင်နေမိရင် မျက်စိရှုပ်၊နားရှုပ်နဲ့ လက်စွပ်ရွေးဖို့ကဘယ်လိုမှအဆင်ပြေမှာမဟုက်တာမို့ပင်..။ ဟိုလူမလာသေးခင် ကြိုက်တဲ့ဒီဇိုင်းတော့တွေ့ထားချင်သည်..၊ မဟုက်လျှင် သူလာမှရွေးနေရရင် အချိန်ကပိုကြာဦးမည်..၊ အခုကို 8နာရီပင်ထိုးလုနီးနေပီမလား....။

ခြေသံတစ်ချို့နှင့်အတူ တံခါးပိတ်သံတိုးတိုးကြားလိုက်သည်မို့ ဆိုင်မန်နေဂျာနဲ့ ဝန်ထမ်းအချို့ထွက်သွားကြပီမှန်းသိလိုက်၏..။ အခုမှပင် ရုံးခန်းဖြစ်ဟန်တူသည့်အခန်းထဲမှာ ဒီဇိုင်းမျိုးစုံနေတဲ့လက်စွပ်တွေနှင့် ဆောနူသာရှိတော့သည်မို့ လေပူတွေမှုတ်ထုတ်လိုက်ရင်းစိတ်ကိုရှင်းပစ်လိုက်ရသည်...။

ဟိုလူနဲ့ ဒီရတနာဆိုင်ကဘယ်လိုပက်သက်လဲတော့ဆောနူမသိ..။ ဒီရောက်တည်းက ဗွီဗွီအိုင်ပီဧည့်သည်လို အထူးတလည်အရေးပေးဆက်ဆံခံနေရတာတော့ရိပ်မိသည်ပင်....။

များပြားလှတဲ့ဒီဇိုင်းတွေထဲမှာမှ ရိုးရိုးရှင်းရှင်းနှင့်တလက်လက်တောတ်နေသည့်စိန်ပွင့်လေးတွေပါခြံရံထားတဲ့ လက်စွပ်လေးကို ဆောနူစိတ်ဝင်တစားပင်ကြည့်နေမိသည်..။ ကိုယ်စားပြုသည့် အဓိပ္ပါယ်ကိုဖတ်ကြည့်နေမိရင်း ရွေးဖို့ကိုတွေဝေနေစဥ်...ဆောနူထိုင်နေတဲ့ဆိုဖာခုံမှာ လူတစ်ယောက်ကဘေးချင်းကပ်၍နီးနီးကပ်ကပ်ပင်ဝင်ထိုင်လာသည်မို့၊ကြည့်မိတော့..ဟိုလူ။

Because Of YouWhere stories live. Discover now