19

1.9K 178 47
                                    


စိတ်ဝင်စားလို့စဖတ်မိတာတော့မဟုက်...။ဘာရည်ရွယ်ချက်လဲဆိုတာသိချင်စိတ်နဲ့ ဒီဖိုင်လ်ကိုစကိုင်ပီးဖွင့်ဖတ်လိုက်တာ၊၊ နောက်ဆုံးစာမျက်နှာက အချက်အလက်ကျကျရေးထားတဲ့ဇာတ်ညွှန်းတစ်ချို့အထိပါဖတ်ပီးသွားပီမလို့ ဆောင်းဟွန်းထိုဖိုင်လ်ကိုစားပွဲပေါ်ပြန်တင်ထားလိုက်သည်။

ကိုယ်တောင်ကြည့်လို့မဝတဲ့မျက်နှာလေးကို လူအများဆီချပြပေးရမှာတဲ့လား.....။

ဒါရိုက်တာဆိုသူရဲ့နာမည်ကို အတွင်းရေးမှူးမင်ဆီပို့ထားပီးနောက်ဆောင်းဟွန်းကုတင်ဘောင်ကိုနောက်ကျောမှီကာ ကျိန်းစက်နေတဲ့မျက်လုံးတွေကိုမှိတ်ချလိုက်၏။ညကအငိုသန်နေတဲ့သူကိုချော့သိပ်ပီးနောက် ဆောင်းဟွန်းအတွေးတွေထဲနစ်မြောနေခဲ့တာမလို့ ကောင်းကောင်းမအိပ်ရသေးဘူး။မနေ့ညကလိုအခြေအနေနဲ့ အိပ်ပျော်တာကမှထူးဆန်းနေပါလိမ့်မည်...။

အဟင်း။
ရယ်စရာတော့အကောင်းသားပဲ။ လက်ထပ်ယူထားတဲ့ယောကျာ်းဖြစ်သူကို ချစ်စကားနဲ့ပိုးပန်းဖို့ကြိုးစားမိကာမှ အငြင်းခံရတာထက်ဆိုးတဲ့အခြေအနေနဲ့ကြုံခဲ့ရတယ်လို့..။ ဆောင်းဟွန်းရဲ့အခုအခြေအနေကကိုယ့်အပိုင်လူကို ပြန်လိုက်ပိုးရဦးမယ့်ပုံ။

အဲ့ဒါတွေထက် စိတ်ထဲခံရခက်နေတာက
သူ့ဘက်ကလည်းဆောင်းဟွန်းအပေါ်သေချာပေါက်ခံစားချက်ရှိနေပါရက်နဲ့ ခုလိုချစ်စကားတွေအစမခံပဲ ရှောင်ဖယ်ရှောင်ဖယ်လုပ်နေတာကလေ.....။

တကယ်။
စိတ်ရှိတိုင်းသာလုပ်လိုက်ရမယ်ဆိုရင် ပတ်ခ်ဆောနူကကျိုးကြေသွားတော့မှာရယ်။



"မနက်စာရပီ ၊ လာခဲ့တော့"

အိပ်ခန်းထဲဝင်လာတဲ့သူက အိမ်နေရင်းဝတ်လေ့ရှိတဲ့အဖြူရောင်ချည်သားဝမ်းဆက်လေးနဲ့ရှိနေကာ၊ ခုပဲအောက်မှာချက်ပြုတ်ပီးစီးလာတဲ့ပုံပေါ်သည်...။နားထင်နေရာမှာချွေးစသေးသေးလေးတွေသီခိုနေ၏။


"ဖတ်ကြည့်ထားတာလား"


စားပွဲခုံပေါ်ကပွင့်ရက်သားဖြစ်နေတဲ့ဖိုင်လ်ကိုသူပိတ်ရင်း ဆောင်းဟွန်းကိုငဲ့မိုးကြည့်ကာမေး၏။ကိုယ်တိုင်ကလည်း ဒီလိုမေးစေချင်လို့တမင်မပိတ်ထားတာမလို့ သူ့မျက်ဝန်းတွေကိုမော့ကြည့်ကာခေါင်းညိတ်ပြလိုက်လျှင် မျက်နှာလေးရဲကာအကြည့်တွေရှောင်သွားသည်။

Because Of YouWhere stories live. Discover now