12"

1.9K 188 40
                                    

အင်း......

ဆောနူခန္ဓာကိုယ်ကိုအကြောဆန့်လိုက်ရင်းနာရီကိုတစ်ချက်ကြည့်လိုက်၏။ အိပ်ယာကနိုးတည်းက လုပ်စရာအထွေအထူးလည်းမရှိတာမို့စာအုပ်ထိုင်ဖတ်နေတာ ခုဆိုညနေ5နာရီပင်ရှိနေပီ။

နေ့လည်ပိုင်းတရေးနိုးတုန်းက သူ့ကုမ္ပဏီဆီလိုက်သွားဖို့ပေမယ့်၊အလုပ်နဲ့မြို့ပြင်သွားစရာရှိတာမို့ ညနေမှပဲလာခဲ့တော့ဆိုပီးဖုန်းဆက်လာတဲ့သူကြောင့် ဆောနူခုချိန်ထိအိမ်မှာရှိနေရတာ...။ ကုမ္ပဏီကိစ္စအလုပ်ရှုပ်နေပုံရတဲ့သူက ဒီညအိမ်ပြန်မအိပ်ဖြစ်လောက်ဘူးလို့လည်းပြောလာတာမို့ သူ့အတွက်ညဝတ်စုံတွေပါယူသွားပေးဖို့စိတ်ကူးထားမိသည်...။

စက္ကူအိတ်အလတ်စားထဲ ညဝတ်စုံတစ်စုံကိုသေချာထည့်လိုက်ပီးနောက် ဆောနူကိုယ့်ကိုကိုယ်လည်းပြန်ငုံ့ကြည့်ရသေးသည်။ ညနေပေမယ့် သူ့ကုမ္ပဏီမှာအလုပ်ဆင်းနေတဲ့ဝန်ထမ်းတွေရှိကောင်းရှိနေနိုင်မည်မို့....အမြင်တင့်တယ်ဖို့လိုသေးသည်ပင်..။သို့သော် သက်တောင့်သက်သာမရှိသည့်အဝတ်အစားပုံစံမျိုးလည်း ဆောနူမကြိုက်တာမို့.....။

ဗီရိုရှေ့မှာအချိန်အတော်ကြာရပ်နေမိပီးမှ အညိုရောင်စွယ်တာအပါးလေးနဲ့ဂျင်းအဖြူလေးကိုသာရွေးလိုက်တော့သည်..။ မျက်နှာကတော့ မအိပ်ခင်တည်းကခရင်လိမ်းထားသည်မို့ ထူးထွေပီးထပ်မလိမ်းမိတော့။ ရေမွှေးအနည်းငယ်စွတ်ပီးနောက် ဆောနူရဲ့အပြင်သွားဖို့ပြင်ဆင်ခြင်းက ဒီမှာတင်ပြီး၏။ ကားသော့နဲ့သူမှာထားတဲ့ဖိုင်တွဲကိုလက်ကပိုက်ရင်း စက္ကူအိတ်ကိုဆွဲကာအောက်ထပ်ကရေခဲသေတ္တာဆီဦးတည်ရသည်...။

အိပ်ယာနိုးတုန်းကပြင်ထားတဲ့အသီးအစုံပါသည့်ကော်ဗူးလေးကို အိတ်နဲ့လုံအောင်ထပ်ပတ်လိုက်ပီးနောက်၊ စက္ကူအိတ်ထဲထည့်လိုက်၏။ ပစ္စည်းတွေတစ်ချက်ပြန်စစ်ပီး...နာရီကြည့်လိုက်လျှင် 5နာရီပင်ခွဲလုနေပီမို့....အိမ်ကစထွက်ခဲ့လိုက်တော့သည်။ တစ်ခါမှသူ့ကုမ္ပဏီရုံးချုပ်ရှိရာဆီမသွားဖူးသည်မို့ အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိသည်မှာအမှန်ပင်....။

ကုမ္ပဏီဧရိယာအတွင်းမဝင်ခင်၊ဝင်ပေါက်ရှိလုံခြုံရေးကကားကိုတားနေသည်မို့ ဆောနူကားမှန်ချလိုက်ရ၏။

Because Of YouWhere stories live. Discover now