16❗

3.2K 176 57
                                    

ကားခန်းကိုမရေးပဲအမြဲကျော်ခဲ့တာမို့ ဒီတစ်ခါတော့ထည့်ရေးပေးတာပါ။  မြင်ယောင်ပီးပဲရေးရတာမို့ ဖတ်ရတာအဆင်ပြေပါ့မလားတော့ မသေချာပါ။ ကားကတော့ ဦးနှောက်ကုန်သွားရင်ရပ်သွားနိုင်ပါတယ်။ မရပ်အောင်တော့ကြိုးစားကြည့်ပါ့မယ်😾


..................

"အွန်း....."

ပူးကပ်နေတဲ့မျက်နှာကိုဆောနူသူ့မေးရိုးနှစ်ဖက်ကနေထိန်းပီးခွာထုတ်ရသည်..။အချိန်အတော်ကြာသူနမ်းထားတာမို့ဆောနူနှုတ်ခမ်းတွေလည်းထူပူနေကာ,သွေးစတွေပင်ထွက်နေပီမို့ မတားလို့မဖြစ်။

"ဆောင်းဟွန်း....တော်တော့လေ...နော်"

အင့်!

သူ့မျက်နှာကိုဆောနူလက်နှစ်ဖက်နဲ့ထိန်းထားလျက်ပင် ကန်ဘောင်ပေါ်ထိုင်ရက်သားဖြစ်အောင်ပွေ့တင်ခံလိုက်ရသည်မို့သူ့ပုခုံးကိုဖက်တွယ်ရင်းကဟန်ချက်ထိန်းရ၏ ။သူကတော့ခုချိန်ထိရေကန်ထဲမှာအပေါ်ပိုင်းဗလာနဲ့ရှိနေဆဲ..။

"မင်း! လုပ်လိုက်ရင်ဇိုးကနဲဇက်ကနဲပဲ..."

"အဟွန်း!"

"တတ်ခဲ့တော့... မင်းလက်ဖျားတွေအေးနေပီ"

ခါးမှာရစ်သိုင်းထားတဲ့သူ့လက်ဖျားတွေကိုဆုပ်ကိုင်လိုက်ရင်း ကန်ထဲကတတ်ခဲ့ဖို့ပြောမိလျှင် ဆောနူပေါင်ပေါ်သူ့ပါးအပ်ထားရာကနေလှုပ်၍မလာ။လူတစ်ကိုယ်လုံးကဖြင့်အေးစက်စပြုနေပီကို...။ထပ်ပီးကြာကြာနေရင်သေချာတယ်..သူဖျားတော့မှာ။

"ဆောင်းဟွန်း...အခန်းပြန်ကြရအောင်၊ဒီရေစိုဝတ်တွေနဲ့
ငါချမ်းနေပီ"

"အင်း.....အခန်းထဲမပြန်ခင်မောင့်ကိုအဖြေပေးဦးမှပေါ့"

ဆောနူသက်ပြင်းချလိုက်မိသည်။ ခုနတည်းကလူကိုနမ်းလိုက်၊သူလိုချင်တဲ့အရာကိုပဲထပ်ကာတလဲလဲတောင်းဆိုလိုက်နဲ့လုပ်နေတာ..၊ခုထိမရပ်သေး။ တစ်နေ့,နေ့မှာတော့ ဆောနူသူ့ကိုလိုက်လျောပေးရမယ်ဆိုတာကိုသိပီးသားပါ..။ဒါပေမယ့် ခုလိုမျိုးတကယ်ရင်ဆိုင်ရမယ့်နေ့ရောက်လာတော့ကျ လူကဘယ်လိုအဖြေပေးရမလဲကိုမသိတော့။ ပထမဆုံးအကြိမ်အတူနေဖြစ်ခဲ့ကြတယ်ဆိုတာကလည်းကိုယ်အသိစိတ်ရှိနေတဲ့အချိန်မှမဟုက်ပဲလေ...။

Because Of YouWhere stories live. Discover now