"ဟင်း....."
အိပ်ယာပေါ်လှဲနေရင်းက ဟိုဘက်ဒီဘက်လူးလိမ့်လိုက်ရင်း သက်ပြင်းရှည်တစ်ခုချလိုက်မိသည်။ အတွေးတွေထဲမှာလည်း ဟိုလူ့အကြောင်းပဲထပ်ကာထပ်ကာ တွေးမိနေ၏
သူနဲ့လက်ထပ်ရတာကို ဆောနူအနေနဲ့နောင်တရစိတ်မဝင်သင့်ဘူးလို့ သူ့ဘက်ကတွေးထင်နေခဲ့သလားပဲလေ..။ 'ကျွန်တော်ခင်ဗျားကို မချစ်တာမို့'ဆိုတဲ့စကားကို သူကိုယ်တိုင်ပြောထွက်ခဲ့ပီး၊ ဆောနူအပေါ်လည်း သူစိတ်ကြည်နေချိန်ကလွဲ၍ စကားအကောင်းပြောဖူးတာမရှိတဲ့လူ..။ ပြီးတော့ အသက်ကွာခြားမှုကိုလည်းတမင်ပင်ထည့်မတွက်ပုံရကာ သူ့စိတ်အလိုအတိုင်းပဲ ခေါ်ချင်သလိုခေါ်၊ပြုမူချင်သလိုပြုမူတာပဲမဟုက်လား..။ လေးစားမှုဆိုတာကို သူ့ဆီကနေဘယ်နေရာမှာမှရှာမတွေ့...။
အမှန်အတိုင်းတွေပြောမိတော့ ဒေါသတကြီးနဲ့ရေချိုးခန်းထဲဝင်သွားကာ၊ အချိန်ခဏကြာတော့ အသက်ရှူသံပြင်းပြင်းနဲ့အတူပြန်ထွက်လာ၏။ သူမရှိတုန်း တခြားအခန်းဆီမှာဆောနူပြောင်းပီးသွားနေဖို့ စဥ်းစားမိသေးသည်..။ သို့သော် ပြဿနာပိုကြီးသွားမည်ကိုရိပ်မိသည်မလို့ ဒီညတော့သည်းခံပီးနေလိုက်ဖို့တွေးထားလိုက်တာ....။
နှစ်ယောက်အိပ်ကုတင်အကျယ်ရဲ့ ဘေးအစွန်းဘက်မှာဆောနူဘေးတစောင်းလှဲအိပ်နေရင်းနဲ့ပဲ သူ့လှုပ်ရှားမှုအသံတွေကိုလျစ်လျူရှုပီးသာနေလိုက်တော့သည်...။ထိုစဥ်။
မွေ့ယာတစ်ဖက်ခြမ်းကသိမ့်ကနဲအိကျသွားနှင့်အတူ ဆောနူလှဲနေသည့်ဘက်အစွန်းဆီသို့သူတွန်းတိုတ်ရွေ့လာကာ...
"အိပ်ပျော်နေပီလား"
"........"
"မအိပ်သေးဘူးမလား....."
နားသယ်စတွေဆီလေနှင့်မှုတ်နေမှန်း ဆောနူသိသော်လည်းမလှုပ်လိုက်မိ။ ထိုစဥ် ဆောနူလည်ပင်းနဲ့မွေ့ယာကြားသူ့လက်မောင်းတိုးဝင်လာကာ ပုခုံးကနေထိန်း၍ သူနဲ့မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင်လူကိုပြောင်းပစ်သည်။ မျက်လုံးအိမ်တွေကို မှိတ်မြဲအတိုင်းသာနေမိလျှင် သူ့ပါးပြင်တွေနှင့်ဆောနူပါးတွေကိုပွတ်သပ်ကာ လူကိုမနိုးနိုးအောင်စနေသည်မို့ ထပ်ပီးသည်းမခံနိုင်တော့......။