ဒီဗီလာဆီကို ဆောနူရောက်တာနှစ်ကြိမ်မြောက်ပင်။ပထမတစ်ကြိမ်က ကိုယ်မူးနေချိန်ခေါ်လာခံခဲ့ရတာပေမယ့်၊ အခုတစ်ကြိမ်ကတော့ မတူတော့. ။ ဆောနူထိုလူ့ကိုလက်ထပ်ပီးပီမို့ သူနေမယ့်ဗီလာဆီ၊ကိုယ်ပါလိုက်ခဲ့ရခြင်းဖြစ်သည်..။ ဆေးရုံနဲ့အနည်းငယ်ဝေးသည်မလို့ ဆောနူဒီနေရာကိုသဘောတကျမရှိလှပါ...။ သို့သော် ထိုလူကတော့ သူ့ရဲ့ဗီလာမှာမှမဟုက်ရင်အဆင်မပြေသလိုမျိုးဆက်ကာပြောလာနေသည်မလို့၊ နောက်ဆုံး ဆောနူကပဲခေါင်းငြိမ့်ပေးလိုက်ရတာပင်.....။
မဂ်လာပွဲက နေ့လည်ပိုင်းမှာပီးသည်မလို့ဆောနူကတော့ ထိုအချိန်တည်းကဒီဗီလာဆီပြန်လာကာ အနားယူနေခဲ့တာ......။ သူကတော့ ဆောနူနဲ့အတူပြန်လာပီး၊အဝတ်တွေလဲပီးနောက် သူ့မိတ်ဆွေတစ်ချို့ကို ဒင်နာကျွေးရဦးမည်ဆိုကာပြန်ထွက်သွား၏..။မဂ်လာပွဲအနေနဲ့ ညပိုင်းဒင်နာကိုမလုပ်ဖို့ရန်ဆောနူဘက်ကတောင်းဆိုထားသည်ကိုတော့ သူ့ဘက်ကလိုက်လျောခဲ့သည်မလို့..တော်သေးသည်ပြောရမည်။
ညဝတ်ချည်သားဝမ်းဆက်ကိုပဲ ဆောနူပေါ့ပေါ့ပါးပါးဝတ်ထားလိုက်ပီး၊ ခြံထဲရှိမြင်ကွင်းတွေကိုကြည့်ရန်ထွက်ခဲ့လိုက်၏။ အလုပ်သမားတွေကတော့ ဟိုတစ်စု၊ဒီတစ်စုရှိနေကြကာ..သူတို့အလုပ်သူ၊တာဝန်ကျေနေကြသည်မလို့ ဆောနူထူးထွေပီးအာရုံမစိုက်မိ..။ မျက်စိရှေ့က အောက်ခံကြွေပြားအရှိန်နဲ့ပြာလဲ့နေတဲ့ရေကူးကန်ကလည်း ဆောနူအာရုံကိုမဖမ်းစားနိုင်..။ငယ်ငယ်တည်းက အားကစားလုပ်ရသည်ထက်၊စာအုပ်တစ်အုပ်နှင့်ငြိမ်ငြိမ်လေးရှိနေရသည်ကိုသာ သဘောကျခဲ့သည်မလို့...ရေကူးခြင်းအတတ်ပညာကိုလည်း ဆောနူမတတ်မြောက်ခဲ့...။
စံအိမ်ရဲ့အနောက်ဘက်ခြမ်းဆီဆောနူကွေ့ပတ်လျှောက်မိလျှင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အလိုလိုပြုံးမိတော့သည်။ဝါးပင်တွေကိုအတန်းလိုက်စိုက်ထားကာ၊ အောက်ခြေအမြစ်ရှိရာအပိုင်းတွေကိုလည်း စနစ်တကျသန့်ရှင်းရေးလုပ်ထားပုံပေါ်၏။ မြင်ရုံနဲ့တင် စိတ်ကြည်နူးရသည့်မြင်ကွင်းမလို့ ဆောနူအိမ်စီးဖိနပ်ပါးပါးလေးနဲ့ပင် ကျောက်အပြားကြီးတွေခင်းကာလမ်းဖော်ထားတဲ့ဘက်ဆီသို့ တရွေ့ရွေ့ပင်လျှောက်သွားမိသည်။ နီးကပ်လာသည်နှင့်
ထိုဝါးရုံလေးဘေးမှာ ဒရင်းဘတ်ဒ်တစ်လုံးလည်း အဆင်သင့်ရှိနေသည်ကိုတွေ့လိုက်ရသည်မို့ ဆောနူခြေလှမ်းတွေပို၍ တတ်ကြွလာ၏. ..။