ပါစတာထဲထည့်ဖို့ အနှစ်ချက်နေတဲ့နောက်ကျောပြင်ကိုဆောင်းဟွန်းခုံမှာထိုင်နေရင်းကနေ မလွတ်တမ်းငေး၏။ အနံ့သိမ်းပန်ကာရဲ့ရိုက်ခတ်သံကလွဲရင်.. နှစ်ယောက်သားကြားမှာစကားသံတွေကတိတ်ဆိတ်နေဆဲ...။ဒီနေ့သူချက်ထားတဲ့ဟင်းတွေကအစပ်အရသာကဲနေပုံရကာ ၊ ဆောင်းဟွန်းပါညစာစားသွားမယ်ဆိုတော့ 'ခဏစောင့် ပါစတာလုပ်ပေးမယ်'ဆိုပီး လျင်လျင်မြန်မြန်ပင် ရေခဲသေတ္တာဆီထသွား၏။ ထို့နောက် တရဆက်ပင်..ပါစတာချက်ဖို့လုပ်နေတာကကျွမ်းကျွမ်းကျင်ကျင်ရှိလှသည်။ ဒီလိုမျိုးသူ ဟင်းချက်ကျွမ်းကျင်နေလိမ့်မယ်လို့တော့ ဆောင်းဟွန်းထင်မထားခဲ့တာအမှန်ပဲ..။
ခုနကဧည့်ခန်းထဲမှာလည်း သေသပ်ကာစနစ်တကျရှိနေတဲ့ပစ္စည်းတွေက သူ့နေရာနဲ့သူ...။အခုမီးဖိုခန်းထဲမှာလည်း... ရှုပ်ပွနေတယ်ဆိုတဲ့နေရာရယ်မရှိ။ ထမင်းစားပွဲပေါ်မှာတောင် အလှပန်းအိုးလေးနဲ့ ဘဲဥပုံစံနာရီအဝိုင်းလေးတင်ထားသေးသည်။ ဟင်းပန်းကန်တွေနဲ့ရောပီးမျက်စိမရှုပ်ဘူးလား'လို့မေးနိုင်စရာရှိသည်...။ သို့သော်.. ဆောင်းဟွန်းမျက်လုံးထဲတော့ရှုပ်မနေ။ အပြင်အဆင်တွေက ပနံသင့်တာပဲဆိုတာအပြင် ကျန်တာမတွေးမိ။
Ting~
ဆောင်းဟွန်းဖုန်းဆီက နိုတီအသံကြောင့်ဖြစ်မည်...။ ပန်းကန်ထဲပါစတာထည့်ဖို့ဟန်ပြင်ရင်းက အနောက်သို့ငဲ့ကြည့်လာသည်မလို့..။
"သတင်းတတ်လာနေပီ"
ခေါင်းငြိမ့်ပြရုံပြကာ အရှေ့ပြန်လှည့်သွား၏။ အငွေ့တထောင်းထောင်းထနေတဲ့ခေါက်ဆွဲသားတွေကြောင့် ဆောင်းဟွန်းသူရှိရာဆီလျောက်သွားလိုက်ပီး နောက်မှာတိုးကပ်ရပ်လိုက်ကာ...
"ဖယ် ပန်းကန်ထဲထည့်ရုံပဲမလား..ကိုယ်လုပ်လိုက်မယ်"
သူ့နောက်မှာရပ်နေသည်ကိုရိပ်မိပုံမရတဲ့သူက အသံကြားကာမှလန့်သွားသည့်ပုံ...။ ပြီးတော့..ဆောင်းဟွန်းရင်ဘတ်နဲ့ထိစပ်နေတဲ့သူ့ကျောပြင်လေးကြောင့်ဖြစ်မည်၊ ခန္ဓာကိုယ်ကို ကျုံ့ပစ်ကာနောက်လှည့်ကြည့်လာ၏။ ဖယ်ပေးရန်'မျက်ရိပ်ပြမိတော့ မီးဖိုနဲ့ရင်ခွင်ကြားကနေ ဘေးထွက်ကာရပ်နေသည်....။