Ep-10

1.9K 186 47
                                    

projectorမှာထင်ဟပ်နေတဲ့ မြေဧရိယာအမှတ်အသားတွေက အစိမ်းရောင်ခြယ်အတန်းလိုက်ကြားမှ အနီရောင်အမှတ်တွေကဟိုတစ၊ဒီတစ။ ရှင်းပြချက်ပြီးစီးသွားတဲ့ ဆောက်လုပ်ရေးဋ္ဌာနဝန်ထမ်းက ထိုင်လျက်ရှိနေတဲ့စီအီးအိုနဲ့ ရှယ်ယာဝင်လူကြီးတွေကိုဦးညွှတ်ပီးနောက်၊ မူလခုံမှာပြန်ဝင်ထိုင်၏။

စားပွဲအစွန်းကိုလက်ထိပ်နဲ့ခေါက်ကာ ပရောဂျက်တာဆီကအကြည့်မလွှဲတဲ့စီအီးအိုဆီက အဆုံးအဖြတ်ကိုနားထောင်ဖို့ အားလုံးအသင့်ဖြစ်နေကြပီ...။ သို့သော် အချိန်တစ်ခုကြာတဲ့အထိ စီအီးအိုဆီကဘာအမိန့်စကားမှထွက်မလာသေးသည်မို့ လူ60ကျော်ရှိနေသည့်အစည်းအဝေးခန်းမကြီးဟာ တိတ်တိတ်ဆိတ်ဆိတ်ပင်ရှိနေဆဲ...။
မှတ်တမ်းမှတ်နေသည့်အတွင်းရေမှူးမင်လည်း စီအီးအိုရဲ့စကားကိုစောင့်နေရသေးသည်မို့ ရေးလက်စreportကိုခဏရပ်ထားရ၏...။
အချိန်တစ်ခုအကြာတွင်  ပရောဂျက်တာကိုပိတ်လိုက်ဖို့စီအီးအိုပတ်ခ်ဆီက အမိန့်သံနှင့်အတူ၊ လျော့ချထားသည့်မီးအလင်းရောင်တွေက အစည်းအဝေးခန်းအတွင်းပြန်လည်အသက်ဝင်လာ၏။ ပိတ်ကာထားသည့်လိုက်ကာစတွေကတော့ မပြောင်းမလဲပင်။

"နေအိမ်ကိုဖယ်မပေးတဲ့မိသားစုဝင်တွေဆီကို ကျွန်တော်ကိုယ်တိုင်သွားတွေ့မှာမလို့ လူကြီးမင်းတို့ဘက်ကဒီမြေနေရာကိစ္စနဲ့ပက်သက်ပီး စိတ်ချထားပါ။ ဒီကုန်တိုက်ပရောဂျက်ကို လာမယ့်အပတ်မှာစတင်နိုင်ရမယ်လို့အာမခံတယ်... ။ နောက်ထပ်မေးစရာများရှိနေသေးသလား"

စားပွဲအရှည်ရဲ့ထိပ်ဆုံးအလယ်နေရာမှာထိုင်နေသည်မို့ ဆောင်းဟွန်း ရှယ်ယာဝင်တွေရဲ့ မျက်ရိပ်၊မျက်ကဲကိုဝေ့ဝဲ၍ကြည့်လိုက်၏။ သူကိုယ်တိုင်သွားမယ်ဆိုတာလည်းကြားရော ခုနကစိုးရိမ်နေတဲ့အမူအယာတွေမရှိကြတော့တာလည်းရိပ်မိသည်မို့..။

"နေ့ရက်အလိုက်ပရောဂျက်ရဲ့သွားမယ့်ပုံစံကို အတွင်းရေးမှူးမင်ကဆက်ပီးရှင်းပြပါလိမ့်မယ်၊ ကျွန်တော့်ကိုခွင့်ပြုကြပါဦး..၊ ဪ
အတွင်းရေးမှူးမင်၊ဒီကကိစ္စတွေပီးရင် ရုံးခန်းကိုတန်းလာခဲ့ပါ"


"ဟုက်ကဲ့ စီအီးအိုပတ်ခ်"

အရိုအသေပြုကာထ၍နှုတ်ဆက်ကြတဲ့လူတွေဆီ အသိအမှတ်ပြုသည့်အနေနဲ့ခေါင်းငြိမ့်ပြခဲ့ပီးနောက် ဆောင်းဟွန်းအစည်းအဝေးခန်းမှထွက်ခဲ့လိုက်တော့သည်။ အချိန်အားဖြင့်ကြာတယ်လို့ပြောလို့မရပေမယ့် ဒီခါအစည်းအဝေးကခံစားချက်အနေနဲ့တော့မကောင်းခဲ့..။ Park Troရဲ့ကုန်တိုက်အသစ်တိုးချဲ့မယ့်နေရာမှာ မြေနေရာကိုမဖယ်ပေးချင်တဲ့အိမ်စုအနည်းငယ်ရှိနေတာက ဆောင်းဟွန်းအတွက်ခေါင်းကိုက်ရမယ့်ကိစ္စဖြစ်နေသည်။ မီဒီယာသမားတွေနဲ့ပါယှက်နွှယ်လာနိုင်သည်မို့ သတိမထားလို့လည်းမဖြစ်။ ရှေ့အပတ်တည်းကဝန်ထမ်းတွေသွားစည်းရုံးတာမအောင်မြင်ပဲ၊ လိုင်းပေါ်မှာPark Troကုမ္ပဏီနဲ့ပက်သက်ပီးကောလဟာလတစ်ချို့ပါ ထွက်စပြုနေပီမို့၊ ဆောင်းဟွန်းခြေလှမ်းမှားလို့မဖြစ်မှန်းသိသည်...။ ရထိုက်သည်ထက်ငွေကိုပိုပေးထားသည်ကို ခုချိန်ထိဖယ်မပေးနိုင်ဘူးဆိုပီးခေါင်းမာနေကြတဲ့သူတွေက စိတ်ပျက်စရာကောင်းလှသည်မှာအမှန်ပဲ..။

Because Of YouWhere stories live. Discover now