မှန်ပြတင်းတံခါးဖွင့်ထားသည်မို့ အပြင်ကမိုးသံတဖျောက်ဖျောက်ကိုဆောနူကြားနေရ၏။ဆိုဖာနဲ့သူ့ကြား..ဘေးတစောင်းအနေအထားနဲ့ အဖက်ခံထားရတာမို့၊ခန္ဓာကိုယ်ကလှုပ်ရှားဖို့တောင်အဆင်မပြေ..။ လူအဆင်မပြေတာထက် ခုနကသူ့ရဲ့အပြုအမူတွေနဲ့၊ဖြစ်ခဲ့တဲ့ကိစ္စတစ်ချို့ကြောင့်တေးထားတဲ့အဖုအထစ်တွေက စိတ်ထဲရှိနေတော့..ဖြစ်နိုင်ရင်ဒီလူနဲ့ဆောနူပူးကပ်ပီးမနေချင်သေး...။တစ်ယောက်တည်းနေပီးအချိန်ယူဖြေတွေးရအောင်ကလည်း ကိုယ့်စိတ်ထဲကအရှုပ်အထွေးတွေက သူဖြည်မှပြေမယ့်ကိစ္စတွေချည်းဖြစ်နေပြန်၏။
"ဘာတွေတွေးနေတာလဲ"
ခပ်ရှရှစကားသံနဲ့အတူလေငွေ့နွေးနွေးက ဆောနူပါးပြင်ထက်မှာဝေ့သီလာ၏။သူ့လက်မောင်းထဲဆောနူခေါင်းကိုထည့်၍ဖက်ထားကာ
စကားပြောနေရင်းပိုငုံ့မိုးလာတာမို့..."ဘာမှမတွေးဘူး မင်းမျက်နှာက..."
"အခုမှ မောင်ခင်ဗျားနဲ့ကပ်ရတာလေ၊ ဒီလောက်တော့ခွင့်ပြုထားစမ်းပါ"
ပြောနေရင်း ခါးမှာဝိုက်မိုးထားတဲ့သူ့လက်ကိုပိုအားထည့်ပီးဆွဲပစ်ကာ၊ရင်ချင်းအပ်ပစ်လိုက်သည်မို့ ခန္ဓာကိုယ်နှစ်ခုကပိုပီးပူးကပ်သွားရ၏။ ဖယ်ခိုင်းကာမှ ပိုပီးအဖက်ခံလိုက်ရတာမို့၊ဆောနူစိတ်ထဲမှာတင်းကနဲ...။
အခုမှလူနားကပ်ရပါတယ်လို့ပြောနေရအောင် သူပဲခြေလှမ်းတွေရှုပ်နေလို့မအားမလပ်ဖြစ်နေခဲ့တာမဟုက်ဘူးလား....။ဒါတွေထုတ်ပြောလိုက်ပြန်ရင်လည်း...ကိုယ်ကသူ့ကို။
"မောင်ဟိုဘက်မှာ အလုပ်မရှိပဲနေခဲ့တဲ့အချိန်ကညတစ်ပိုင်းစာပဲရှိတာ...ကျန်တဲ့အချိန်တွေက မောင့်အလုပ်ကိစ္စတွေနဲ့ချည်းပဲရှုပ်နေခဲ့တာဆိုတာကိုတော့ ယုံပေး"
"....."
"တစ်ချို့ကိစ္စတွေက-"
ဟင်း.....။
သက်ပြင်းရှည်တစ်ခုဆွဲချကာ အကြည့်ချင်းဆိုင်နေရာကမျက်လွှာချသွားသည်မို့ ဆောင်းဟွန်းပြောနေရာကနေရပ်ပစ်လိုက်၏။ ဘာကိုအလိုမကျသွားတာလဲတွေးလိုက်ရင်း မျက်နှာလေးကိုမေးဖျားကနေပြန်ဆွဲယူလိုက်လျှင် မျက်ဝန်းညိုတွေကရီညှို့နေကာ...မျက်ရည်စတွေကမျက်ခမ်းစပ်မှာလှုပ်လီလှုပ်လဲ့..။