နံနက်10နာရီ.....
မျက်နှာပေါ်လေအေးတစ်ချို့ဖြတ်တိုတ်သွားတဲ့အသိနှင့်အတူ
ဆောနူမျက်ခုံးတန်းလေးတွေဟာကျုံ့ကနဲ။ခန္ဓာကိုယ်ကိုဟိုဒီရွေ့လျားကြည့်လျှင် မနက်ကလိုတင်းကြပ်နေတဲ့ခံစားချက်မျိုးမရှိတော့တာမို့ ၊ဆောနူအတပ်ပြောနိုင်သည်... ဒါဟိုလူအိပ်ယာနိုးပီးလူကိုနှောင့်ယှက်နေတယ်ဆိုတာ။"နိုးနေပီမလား"
သြရှရှအသံက နားသယ်စနားမှတဆင့်တိုးဝင်လာ၏။ခါးတဝိုက်ဖက်တွယ်ထားတဲ့သူ့လက်တစ်ဖက်က လူကိုမရိုးမရွထိတွေ့ပွတ်သပ်နေသေးသည်မို့၊ ဆောနူဘေးတစောင်းလှည့်ပစ်လိုက်ကာ ထိုလက်ကိုပါဖယ်ပစ်လိုက်သည်။သို့သော် ချက်ချင်းပင်ဆွဲဖက်ပစ်ကာ သူ့ရင်ခွင်နဲ့ပူးကပ်နေအောင်လုပ်ပစ်တာမို့ ဆောနူဒေါသတွေဟာထောင်းကနဲ။
"ငါ့ကိုမထိနဲ့"
"မောင့်ကိုကြည့် "
ပြောတာလည်းနားဝင်ဟန်မရှိ။သူ့ကိုမကြည့်ချင်လို့မှ ဆောနူမျက်လုံးတွေကိုစေ့စေ့ပိတ်ထားပီး၊ သူနဲ့ဆန့်ကျင်ဘက်ဆီမျက်နှာမူထားတာကို။
"ဆောင်း..ဟွန်း...မင်း!"
မျက်နှာကြီးကလူပေါ်အုပ်မိုးလာကာ ပါးပြင်ချင်းပွတ်သပ်နေတာမို့
ဆောနူမကြည်ဖြူစွာပင်၊သူ့ရင်ဘတ်ကိုအားကုန်တွန်းပစ်လိုက်၏။ထို့နောက် ရယ်မြူးရိပ်သမ်းနေတဲ့မျက်ဝန်းတွေဆီစူးစိုက်ကြည့်ပစ်လိုက်ကာ..."ငါတကယ်ပြောနေတာဆောင်းဟွန်း! ငါ့ကိုမထိနဲ့....ငါ့အသားကိုမထိနဲ့လို့...အင့်~လူလိမ်ကောင်.."
"မောင့်ကိုပြစ်မှုတွေကြီးအောင်လုပ်နေတာပဲကွာ..."
ရင်ဘတ်ကို စိတ်ရှိသလိုထုရိုက်နေတဲ့လက်နုနုလေးနှစ်ဖက်ကို ဆောင်းဟွန်းမတားမိ။ထုရိုက်နေရင်းက အညိုရောင်မျက်ဝန်းလဲ့လဲ့လေးတွေထဲမှာမျက်ရည်စလေးတွေအိုင်ထွန်းလာတာကိုသာ တမေ့တမောနဲ့ငေးနေမိ၏။
ဖြူဥနေတဲ့မျက်နှာလေးက ဒေါသအရှိန်ကြောင့်ဖြစ်မည်..ထင်သာသည့်ပါးမို့မို့လေးနှစ်ဖက်မှာနီရဲဥနေတာများပေါက်ထွက်လာလုမတတ်။နှာတံစင်းစင်းလေးရဲ့ထိပ်အဖျားလေးမှာလည်း သွေးရောင်လွှမ်းနေတာမို့...ဆောင်းဟွန်းကြည့်နေရင်းကထိတွေ့ပစ်ချင်စိတ်တွေတဖွားဖွားပင်။ မျက်ရည်ဥတွေကမျက်ခမ်းစပ်ကနေတဆင့်လိမ့်ဆင်းကာနားသယ်အစပ်တွေ၊ဆံပင်အဖျားပိုင်းလေးတွေထိကူးလူးနေပီမို့..အလှကြည့်နေရာက ဆက်၍မကြည့်ရက်တော့။