"သားရောက်နေပီလား ဖေဖေ"
ရှေ့မှာရှိနေတဲ့ဆေးစာတမ်း၊စာရွက်တွေကိုကြည့်ပီးနောက် အောက်ထပ်ကိုဝေ့ဝဲကာရှာနေတဲ့သားဖြစ်သူကို ကင်မင်ယောခေါင်းငြိမ့်ပြကာတုန့်ပြန်လိုက်ရင်း ရှေ့မှာထိုင်ခိုင်းလိုက်ရ၏။ မဟုက်လျှင် သူ့သားကိုခေါ်ပီးသားအဖနှစ်ယောက်လုံး စာကြည့်ခန်းထဲတွတ်တွတ်ထိုးကြတော့မယ်မှန်း ရိပ်မိသည်မို့....။
"မြေးက ထမင်းစားခန်းထဲမှာ ၊ ငါ့အတွက်ကြက်ပေါင်းလုပ်ပေးနေတယ်"
"ဪ .....ဒါနဲ့ဖေဖေ ၊ အင်ချွန်းမှာရှိတဲ့တိုက်ခန်းကို အငှားတင်ထားတယ်ဆိုတာ အဲ့ဒါလွတ်နေတဲ့အခန်းများရှိသေးသလား "
ဘယ်တုန်းကမှကိုယ့်စီးပွားရေးကိုစိတ်မဝင်စားဖူးတဲ့သားက တိုက်ခန်းအငှားကိစ္စမေးလာသည်မို့ ကင်မင်ယောလက်ဖက်ရည်သောက်နေရင်းက မျက်ခုံးပင့်ကြည့်လိုက်သည်။ မြေးယူလာတဲ့စာတမ်းဖိုင်နေတွေကိုဖတ်ကာကြည့်နေတဲ့သူ့သားက မေးခွန်းသာမေးနေတာ အကြည့်တွေကတော့ကိုယ့်ဆီမှာမရှိ။
"ဘာအသုံးလိုလို့လဲ သားက၊ လွတ်နေတဲ့2ခန်းတော့ရှိတယ်...."
"အဲ့ဒါဆို ကျွန်တော်တစ်ခန်းယူမယ်ဖေဖေ၊ ဆေးရုံကသန့်ရှင်းရေးဝန်ထမ်းရဲ့မိသားစုက နေစရာအခက်အခဲဖြစ်နေကြတယ်ဆိုလို့၊ သူတို့နောက်ထပ်အိမ်ရှာမတွေ့ခင်အထိပေးနေလိုက်မလို့"
ကင်မင်ယောခေါင်းငြိမ့်ပြရုံသာတုံ့ပြန်လိုက်ရင်း၊ အသေးစိတ်မေးမလို့ပေမယ့် အငွေ့တွေထနေတဲ့ပန်းကန်လုံးအကြီးကိုသယ်လာတဲ့မြေးဖြစ်သူကြောင့် အာရုံလွှဲမိသွားသည်။
"ဖေဖေ ပြန်လာပီပဲ...၊ ဘိုးဘိုးဒီမှာပဲသောက်လိုက်လို့ဖြစ်တယ်မလား...တစ်ခါတည်းသောက်ရအောင်မြေးသယ်လာတာ"
"အခုပဲသောက်လိုက်ပါမယ်ဗျာ"
ပန်းကန်လုံးထဲမှာနူးအိနေတဲ့ကြက်ပေါင်တခြမ်းက ဟင်းခတ်အမွှေးအကြိုင်ဓာတ်ကြောင့်ဖြစ်မည်ရွှေဝါရောင်သမ်းနေ၏။ ထိုအပေါ်မှာမှ ကင်မင်ယောကြိုက်တဲ့စပါးလင်လည်းထည့်ပေးထားကာ၊ ကြည့်ရုံနဲ့တင်စားချင်စရာရှိလှသည်မို့ မြေးဖြစ်သူကိုချီးကျူးပီးရင်းချီးကျူးနေမိတော့သည်..။ သူ့မြေးလောက် အဘက်ဘက်ကပြည့်စုံတဲ့ကလေး ဘယ်နေရာမှများရှာတွေ့နိုင်ပါဦးမလဲလေ...။