"သွားလို့ရပီ"ဘေးကနေအတူကပ်ပါလာတဲ့အကူကလေးမလေးကို ကင်မင်ယောပြန်လွှတ်လိုက်ရင်း ဘန်ဂလိုထဲမှာတစ်စုံတစ်ခုကိုစိတ်ဝင်တစားကြည့်နေတဲ့ သားဖြစ်သူရဲ့နောက်ကျောပြင်ကိုအဝင်ဝမှာတင်ရပ်ကာကြည့်နေပီးနောက်...။
ဒေါက်!
ဒေါက်!
တုတ်ကောက်နှင့်အောက်ကြမ်းပြင်တို့ရိုက်ခတ်မှုကြောင့် ထွက်လာသည့်အသံက စီးချက်မှန်မှန်နဲ့ပင်...။ ထိုအခါမှ ဘေးပတ်ဝန်းကျင်ကိုသတိထားမိပုံရသွားသည့်သားဖြစ်သူက ကင်မင်ယောဆီအကြည့်ပို့လာရင်း..။
"ဟာ...ဖေဖေ၊ တစ်ယောက်တည်းခြံထဲဆင်းလာတာလား"
" ငါပြန်လွှတ်လိုက်တာ"
ခုံအလွတ်တစ်ခုမှာဝင်ထိုင်ပီးနောက်ကြည့်လက်စဖြစ်နေတဲ့ဓာတ်ပုံalbumကိုတွေ့ရသည်မလို့ ကင်မင်ယော
သားဖြစ်သူရဲ့နောက်ကျော ပြင်ကိုအသာပုတ်ပေးလိုက်၏..။
ဒီခံစားချက်ကို သေချာနားလည်နေသည်မလို့ပင်...။" မြေးကို လက်ထပ်ပေးလိုက်ရမှာ နှမြောနေတာလားသား.."
ကြည့်လက်စ မိသားစုဓာတ်ပုံအယ်လ်ဘမ်လေးကို ပိတ်ချလိုက်ရင်း ဝါးသစ်ရနံ့မွှေးနေတဲ့ဆေးလက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ဖေဖေ့ရှေ့တိုးပေးလိုက်သည်....။ ထို့နောက် ကိုယ်တိုင်လည်းတစ်ကျိုက်သောက်ရင်းအဝေးမြင်ကွင်းရှိ မြက်ခင်းစိမ်းတွေနဲ့သစ်တောအုပ်အုပ်လေးကိုကြည့်ပီးနောက်..။
"သားက တစ်ဖက်ကောင်လေးကိုသဘောမကျဘူးဖြစ်နေတယ် ဖေဖေ....၊ အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ကျွန်တော်စိတ်မချဘူး"
"သြော်...ငါ့သားရယ် ......၊ မြေးကို မင်းစိတ်မချဖြစ်နေတာငါရိပ်မိပါတယ်...၊ ဒါပေမယ့်လည်း ကံကြမ္မာကဖန်လာခဲ့ပီမလား...၊ ပြီးတော့.... မင်းရောငါရောသိပီးသားပဲ..မြေးကမိန်းကလေးတွေအပေါ်စိတ်ဝင်စားမှုမရှိတဲ့အချက်ကို၊ အခုဆိုအရွယ်လည်းရောက်နေပီ...တစ်ဖက်ကောင်လေးကလည်း ဘယ်ဘက်ကကြည့်ကြည့်ပြည့်စုံနေတဲ့ကလေးတစ်ယောက်...၊ဘယ်နေ့ ဘယ်လိုလူမျိုးနဲ့
ချစ်ကြိုက်သွားပီးအိမ်ခေါ်ချလာမလဲတွေးပူနေရတာထက်စာရင် ဒီလိုမျိုး ကံအကြောင်းတရားရော၊ ဖြစ်သင့်တဲ့အခြေအနေအရရောထည့်တွေးပီး မြေးဘက်ကနည်းနည်းတိုက်တွန်းကြည့်စမ်းပါ ငါ့သားရာ.."