20

2.2K 169 34
                                    

အဆောက်အဦးပုံစံပေါ်နေပီဖြစ်တဲ့ ဆောက်လုပ်ရေးဧရိယာအတွင်းကိုလှည့်ပတ်ကြည့်ရှုနေတာဖြစ်သည်။အတွင်းရေးမှူးမင်ကတော့ တာဝန်ခံအင်ဂျင်နီယာရဲ့တင်ပြချက်တွေကို မှတ်ချက်ရေးနေရင်းကစီအီးအိုပတ်ခ်ရဲ့နောက်ပါးကနေထပ်ကြပ်မကွာအနေအထားနှင့်ပင်။

"နောက်လထဲမှာအပြီးသတ်စေချင်တယ်၊ တစ်ဖက်ကနေချိတ်ဆက်ထားတဲ့ကုန်ပစ္စည်းbrandတွေရဲ့စာချုပ်အချိန်ကို ရွေ့ဆိုင်းရတာမျိုးတွေမဖြစ်စေချင်ဘူး"

"ဟုက်ကဲ့ အခုအရှိန်နဲ့ဆက်သွားမယ်ဆိုရင် နောက်လမတိုင်ခင်ပြီးစီးနိုင်ပါတယ်စီအီးအို၊ ရာသီဥတုမဖောက်ပြန်ဖို့ပဲကျွန်တော်တို့အဖွဲ့သားတွေဆုတောင်းနေတာပါ...မိုးရွာနှုန်းပြင်းရင်ကျွန်တော်တို့အလုပ်သမားတွေရဲ့လုံခြုံရေးအရ လုပ်ငန်းကရှေ့ဆက်လို့မဖြစ်လို့ပါ။ဒီအချက်ကိုတော့ စီအီးအိုဘက်ကနားလည်ပေးစေချင်ပါတယ်"

တင်းကြပ်နေတဲ့အကာအကွယ်ဦးထုပ်ရဲ့မေးထိန်းကြိုးကို အနည်းငယ်ဖြေလျော့ပီးနောက် မြင့်မားလှတဲ့အဆောက်အဦးထုထည်ကို ဆောင်းဟွန်းမော့ကြည့်၏။ ဒီတစ်ပတ်ထဲဆိုးလ်မှာ မုန်းတိုင်းအရှိန်နဲ့မိုးပြင်း၊လေပြင်းကျရောက်လာလိမ့်မယ်လို့ မိုးလေဝဿချန်နယ်လ်တွေဘက်ကကြေငြာချက်တွေထုတ်ပြန်ထားသည်မဟုက်ပါလား...။တာဝန်ခံအင်ဂျင်နီယာရဲ့စကားကလည်း မှန်သင့်သလောက်မှန်နေသည်မို့ ကိုယ့်ဘက်က...ဒါကိုဖြစ်ကိုဖြစ်ရမယ်ဆိုပီး ဖိအားပေးလိုက်လို့မဖြစ်နိုင်သေးတဲ့အခြေအနေ။

"လုပ်ငန်းရပ်နားရလောက်တဲ့အထိဖြစ်လာခဲ့မှပဲ ဒီကိစ္စကိုဆက်ဆွေးနွေးမယ်၊ အန္တရာယ်များတဲ့အခြေအနေမျိုးမှာဆိုရင်တော့ ရပ်နားထားပါ၊ ကုမ္ပဏီဘက်ကအလျင်လိုနေတယ်ဆိုပေမယ့် အလုပ်သမားတွေရဲ့လုံခြုံရေးကလည်းအရေးကြီးတာမို့ နားလည်ပေးလို့ရပါတယ်"


"ဟုက်ကဲ့ပါ စီအီးအို၊ ခုလိုမျိုးကျွန်တော်တို့ဘက်ကိုတွေးပေးလို့လည်း ကျေးဇူးအထူးတင်ပါတယ်ဗျာ"

လုပ်ငန်းခွင်ကို စီအီးအိုပတ်ခ်ကိုယ်တိုယ်လာစစ်မယ်ဆိုတာသိပီးတည်းက မရယ်၊မပြုံးနိုင်ဖြစ်နေတဲ့တာဝန်ခံဦးလေးရဲ့မျက်နှာမှာ အခုမှပင်အပြုံးပန်းတွေဝေလာတော့သည်။ Park Troလုပ်ငန်းစုနဲ့ပထမဆုံးအကြိမ် ဆောက်လုပ်ရေးပိုင်းကိုတာဝန်ယူရဖို့အလုပ်အပ်ခံခဲ့ရတာမို့ တစ်ချိန်လုံးရင်ခုန်စိတ်လှုပ်ရှားနေခဲ့ရတာမဟုက်ပါလား..။ စီအီးအိုပတ်ခ်ဆိုတဲ့လူဟာ စည်းကမ်းတင်းကြပ်ကာ၊လိုချင်တာမဖြစ်ရရင်ဒေါသအလျောက်တုန့်ပြန်တတ်တယ်လို့သတင်းတွေထွက်နေခဲ့ပေမယ့် ခုတွေ့မြင်ရတဲ့ပုံစံအရတော့နှစ်ဖက်မျှကာတွေးပေးတတ်တဲ့ပုံစံပါ။ သို့သော် စီအီးအိုရဲ့မရယ်မပြုံးမျက်နှာနဲ့ အေးစက်တည်ကြည်နေတဲ့စကားပြောဟန်တွေကြောင့် မရှိန်ပဲတော့မနေနိုင်။ လုပ်ငန်းခွင်အတွင်းလှည့်ပတ်ကြည့်ရှူစဥ်ကအစ၊ ပြန်ခါနီးအချိန်ထိ စီအီးအိုပတ်ခ်ရဲ့ရယ်ပြုံးဟန်ကိုတွေ့လိုက်ရတဲ့လူရယ်လို့မရှိ...။ စီအီးအိုပတ်ခ်ကအနေတည်တံ့ကာအရယ်အပြုံးမရှိသူပင်ဖြစ်မည်...။

Because Of YouWhere stories live. Discover now