Time Skip~~
U. S.အချိန် ည10ဆယ်နာရီ။
လူကုံထံအများစုသာလာနိုင်သည့် ကလပ်တစ်ခုတွင်ဖြစ်သည်။
အစောင့်အကြပ်တင်းကြပ်ကာ၊ ထိုကလပ်အတွင်းမှာတော့ Customerလိုချင်တာအကုန်ရစေရမည်ဆိုတဲ့ serviceမျိုးပင်။လူကိုမူးယစ်စေသည့်အကောင်းစားဆေးအမျိုးအစားတွေ အစုံအလင်ရှိသလို၊တစ်ညတာပျော်ပါးဖို့အတွက် မိန်းမလှလေးတွေ၊ယောကျာ်းပျိုတွေဟာလည်းအဆင်သင့်။ နောက်ပြီး လူသတ်ချင်လျှင် အခကြေးငွေပေးကာချက်ချင်းစေခိုင်းလို့ရသလို၊ကိုယ်တိုင်သတ်ဖို့အတွက် လက်နက်ကိုပါဝယ်နိုင်သည့်နေရာမျိုး..။ထိုကဲ့သို့သောနေရာတွင်စည်းမျဥ်းတစ်ခုသာရှိသည်။ ကလပ်အတွင်းလူသတ်ခွင့်မပြုခြင်းပင်။ သတ်လိုပါက ကလပ်တံခါးတော့ကျော်ပါစေဆိုတာမျိုး။ ထိုကလပ်ပိုင်ရှင်ဟာ အိမ်ဖြူတော်နဲ့ဆက်စပ်နေသည့်အာဏာပိုင်တစ်ဦးသာဖြစ်သည်။ဒီနေ့မှာတော့ သူ့ရဲ့အထူးဧည့်သည်ကိုဧည့်ခံဖို့ ကလပ်နေရာရဲ့ဒုတိယတစ်ထပ်လုံးကိုဧည့်သည်ဝင်ခွင့်ပိတ်ထားခြင်းပင်..။"ဘွဲ့ယူပီးပြန်သွားတည်းက မင်းငါ့ဆီကိုရောက်မလာတော့တာပဲ ဆောင်းဟွန်း"
"ဟွန်း! မင်းလိုရှိပီးသားခုံပေါ်တတ်ထိုင်ရတဲ့သူမှမဟုက်ပဲDeanရာ ၊ စီးပွားရေးမှာအခြေကျဖို့ အခုထိငါရုန်းနေရတုန်းပဲ"
ရှန်ပိန်ခွက်ချင်းအသာအယာထိခတ်စေလိုက်ရင်းက ဆောင်းဟွန်းပြန်ဖြေ၏။Deanကတော့ အပိုတွေပြောပြန်ပီ'ဆိုတဲ့အကြည့်နဲ့ရှန်ပိန်မကိုင်ထားတဲ့လက်ဖြင့် လက်ခလယ်ထောင်ပြသည်မို့။
"ကျောင်းတုန်းကအတိုင်း ရိုင်းစိုင်းနေတုန်းပဲ"
Deanကပါးချိုင့်တွေပေါ်အောင်ထိတဟားဟားရယ်၏။ ထို့နောက်
ဒီညအတွက်အထူးစပယ်ရှယ်ဆိုကာ ဆေးမှုန့်တစ်ချို့ထည့်ပြင်ထားတဲ့ဆေးလိပ်နှစ်လိပ်ထဲကတစ်လိပ်ကိုဆောင်းဟွန်းဆီလှမ်းပေးသည်မို့ ဆွဲယူလိုက်ရင်းမီးဖွာညှိလိုက်သည်။တစ်ဖွာရှိုက်လိုက်လျှင် ခန္ဓာကိုယ်တစ်ခုလုံးမှာရီဝေဝေခံစားချက်ကလှိုက်ခနဲ။U.S.ကကျောင်းပီးလို့ တောင်ကိုရီးယားဆီပြန်ပီးတည်းက ဆောင်းဟွန်းဒီလိုခံစားချက်တွေနဲ့ဝေးနေတာမို့ ခုံနောက်မှီကိုကျောမှီချလိုက်ရင်း မျက်လုံးအစုံမှိတ်ကာ ဆေးလိပ်ကိုတစ်ဖွာချင်းရှိုက်၏။ရစ်ထွေနေသည့်ခံစားချက်ပေမယ့် အသိစိတ်လွတ်သွားသည်မျိုးမဟုက်...။