ဖြူဥနေတဲ့မျက်နှာလေးပေါ် သူလိမ်းနေကျcreamတစ်ချို့ကိုပွတ်သပ်ကာလိမ်း၏။တွေ့မြင်နေကျမြင်ကွင်းပေမယ့် ဆောင်းဟွန်းအကြည့်မလွှဲပဲ သူ့ဟန်ပန်အမူအယာအကုန်လုံးကိုစူးစူးစိုက်စိုက်ငေးနေလိုက်သည်...။ ဒီအကြောတင်း...သူ့အသားအရေလေးကိုဒီလိုနေ့တိုင်းဂရုစိုက်ပေးနေလို့ ပိုပီးနုဖတ်နေတာများလား။ ဘေးတစောင်းမြင်နေရတဲ့မျက်နှာလေးမှာ ညကသူအသဲယားလို့အကြိမ်ကြိမ်ကိုက်ခဲထားမိတဲ့ ပါးပြင်လေးကပန်းရောင်သမ်းနေကာ၊ နှုတ်ခမ်းရဲရဲလေးကတော့စိုလဲ့နေ၏...Lip balmအရှိန်ကြောင့်ဖြစ်ပုံရမည်။
" ဆောင်းဟွန်း ထတော့လေ၊ ဘာလုပ်နေတာလဲ "
"ငေးနေတာ...."
"ဘာငေးစရာ-"
" ခင်ဗျားကို ငေးနေတာ"
သူ့စကားကိုဖြတ်ပြောလိုက်တော့ မျက်နှာလေးကရဲကနဲဖြစ်သွားကာ၊ခဏအကြာမှ ဘာမဟုက်တာတွေပြောနေပြန်တာလဲ'ဆိုတဲ့အကြည့်နဲ့လာကြည့်၏။
ဆောင်းဟွန်းသိသည်၊ ခဏနေ နှစ်ယောက်လုံးကိုယ်စီအလုပ်သွားကြရမှာကို ကိုယ်ကခုထိအိပ်ယာကမထတော့ သူ,မကြိုက်နေတာ။
ပတ်ခ်ဆောနူက တကယ့်ကိုရိုးရိုးရှင်းရှင်းနေတတ်တဲ့စနစ်တကျသမား။အခုပဲကြည့်...။
ညကကိုယ်နှယ်ထားလို့ နွမ်းဖတ်နေတဲ့ခန္ဓာကိုယ်လေးကိုအနားပေးဖို့စိတ်ကူးရှိပုံမရ။ ဒီနေ့ဂျူတီကနေခွင့်ယူလိုက်ဖို့ကို' အိပ်ယာမထခင်တည်းက ဆောင်းဟွန်းပြောနေတာ...၊ခေါင်းမာသူကတော့ အလုပ်နားရအောင်ထိမပင်ပန်းပါဘူး'ဆိုပီးပဲတုံ့ပြန်လာတယ်လေ...။ကိုယ်ကသာ ညကအခိုက်အတန့်တွေကိုတစိမ့်စိမ့်ပြန်တွေးရင်း ကျေနပ်ပီးရင်းကျေနပ်နေတာ..သူကတော့အလုပ်သွားဖို့အကုန်ပြင်ဆင်ပီးနေပီ...။ညက အတူနေခဲ့တဲ့အချိန်ကမနက်2နာရီဝန်းကျင်ထိရောက်သွားတာမို့ ဆောင်းဟွန်းသူ့ကိုနေ့လည်ပိုင်းလောက်ထိ ထပ်အိပ်စေချင်တာ။ ဒါပေမယ့်လည်း..။
"ခါးပတ်မပတ်နဲ့ မောင်ဆေးထပ်ထည့်ပေးဦးမယ်"
"မင်း! ဆောင်းဟွန်း "
"အဲ့ဒါဘာဖြစ်တာလဲ လာခဲ့ကုတင်ပေါ် !
ဒီလိုမှလိမ်းမပေးရင်ခင်ဗျားကလိမ်းမှာမဟုက်ဘူး"