19'

2.1K 164 19
                                    

အဝါရောင်မီးလုံးလေးတွေကို မြက်ခင်းစိမ်းစိမ်းလေးတွေကြားသွယ်တန်း၍ချထားသည်မို့ မြင်ရသည်မှာစိတ်အေးချမ်းစရာလေးဖြစ်နေသည်။ကျောက်ပြားတွေနဲ့ပုံဖော်ထားတဲ့လမ်းသွယ်လေးအတိုင်း ဆောနူလျှောက်လာခဲ့လိုက်ရင်း၊ ခပ်လှမ်းလှမ်းမှာ သစ်တောပုံစံငယ်လေးကိုတွေ့ရပီမို့ ခြေလှမ်းတွေရပ်လိုက်၏။ထို့နောက် အနောက်မှာသစ်သီးပန်းကန်တွေသယ်လာတဲ့သူဆီလှည့်ကြည့်လိုက်ပီး။

"သစ်တောအုပ်ထဲသွားကြမလား"



"ခင်ဗျားသဘော"

အသံပြတ်ပြတ်နဲ့ဖြေလာသံကြောင့် ဆောနူတစ်ဖက်ကိုမျက်နှာပြန်လှည့်ပီးမှခွိကနဲရယ်၏။ညစာစားအပီး လူနားတွယ်ကပ်ဖို့လုပ်နေသူကို ခြံထဲဆင်းပီးထိုင်ရအောင်လို့ဆောနူပြောလိုက်တာမို့ အင်တင်တင်နဲ့နောက်ကနေသူပါလာရတာ။အဲ့ဒါမို့ မျက်နှာကလည်းလိုတာထက်တည်နေကာ ဆောနူကိုတောင် ခင်ဗျားတွေ'ဘာတွေဖြစ်နေပီလေ..။

မြက်ခင်းပြင်ကိုဖြတ်ကာ သစ်တောစိမ်းစိမ်းလေးနားနီးလာတာနဲ့ ဆောနူခံစားချက်တွေလန်းလန်းဆန်းဆန်းရှိလာ၏။သစ်ခက်စိမ်းစိမ်းလေးတွေယှက်နွှယ်နေတဲ့မှန်တံခါးကိုတွန်းဖွင့်လိုက်လျှင် အထဲမှာမွေ့ယာတစ်ခုနှင့် ထိုင်ခုံနှစ်လုံး၊စားပွဲတစ်ခုကသပ်သပ်ရပ်ရပ်လေးရှိနေသည်။အိပ်ယာရဲ့ဘေးမှာတော့ စာအုပ်စင်အသေးစားလေးက ဆောနူအကြိုက်ပင်။ဆောနူဒီနေရာဆီကိုသိပ်မလာဖြစ်တာမို့ ရေခဲသေတ္တာအသေးလေးရှိနေတာကိုခုမှသတိထားမိတော့တာပဲ..။သွားဖွင့်ကြည့်လျှင် အထဲမှာဆောနူအကြိုက်အသီးတစ်ချို့နဲ့၊ကိတ်တစ်ချို့ရှိနေသည်မို့..။

"ဒါတွေက ဒိတ်လွန်မကုန်ဘူးလား"


"2ရက်တစ်ခါအသစ်လဲထည့်ခိုင်းထားပါတယ်ခင်ဗျ"

ဆောင်းဟွန်းသယ်လာတဲ့အသီးပန်းကန်ကိုစားပွဲပေါ်ချလိုက်ရင်းကပြန်ဖြေရသည်။ဆရာဝန်ပီပီ ကျန်းမာရေးကိစ္စသာအရင်တွေးမိတဲ့ပုံ။ယောကျာ်းဖြစ်သူက သူ့အကြိုက်တွေဖြည့်စည်းပေးထားတာကိုတော့ စိတ်ထဲနည်းနည်းမှတောင်ရှိပုံမရ။

ခုချိန်ထိ ရေခဲသေတ္တာအပုလေးနားငုတ်တုတ်ထိုင်ကာ၊ပစ္စည်းတွေထုတ်လိုက်ပြန်ထည့်လိုက်လုပ်နေသူကို ဆောင်းဟွန်းမွေ့ယာပေါ်လှဲချရင်းကကြည့်နေလိုက်၏။ဒီနေရာက အိပ်ခန်းလိုမျိုးသက်တောင့်သက်သာအနေအထားတော့မရှိ။သို့သော် တသီးတသန့်ဆန်ဆန်လေးရှိနေတာမို့ အဆင်ပြေသည်လို့တော့ပြောရမည်။

Because Of YouWhere stories live. Discover now