ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 991 ) ဗဟိုဒေသသို့။သူတို့ အရှေ့နား တောအုပ်ထဲမှ အနက်ရောင်၀တ် လူငယ်တစ်ယောက် အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်လာနေသည်။ သူ့တစ်ကိုယ်လုံး စုတ်ပြဲနေကာ သွေးများ ထွက်နေခဲ့၏။
အနက်ရောင်၀တ် လူငယ်လေး၏ ပခုံးပေါ်တွင်လည်း လိပ်ကလေးတစ်ကောင် ရှိနေသည်။ လိပ်ကလေး၏ ခြေသည်းများက လူငယ်၏ပခုံးကို တင်းတင်းဆုပ်ကိုင်ထားလေသည်။ သူ၏ မျက်လုံးလေးများကလည်း ပြူးကျယ်နေကာ အနောက်ကို မကြာခဏ လှည့်ကြည့်နေသည်။
"ဘုန်း"
အနက်ရောင်ဝတ် လူငယ်လေး၏ အရှိန်က အလွန်လျင်မြန်လွန်းသဖြင့် တောအုပ်ထဲမှ ခုန်ထွက်လာပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ဖုန်တထောင်းထောင်းပင် ထသွားသည်။ ထို့နောက်မှာတော့ မြေပြင်မှ ပြန်ထလာခြင်း မရှိတော့ပေ။"တန်တန်၊ ဒီတစ်ခါတော့ မင်းငါ့ကို သတ်မိလုနီးပါးပဲ"
မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူငယ်လေးက အားအင်ကုန်ခမ်းနေဟန်ဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ဤလူငယ်မှာ သဘာဝအတိုင်း ဖရိုရဲနယ်မြေကို ဖြတ်သန်းလာသော လုမင်သာ ဖြစ်သည်။
ဤအချိန်အတွင်း၌ လုမင်ဟာ ငရဲဖိနှိပ်ကျောက်စာချပ်ကို အဆင့်မြှင့်တင်ရင်း ခရီးဆက်ခဲ့သည်။ သူတို့နှစ်ဦးဟာ တောင်တန်းများကိုဖြတ်၍ အလယ်ပိုင်းဒေသ၏ နယ်မြေထဲသို့ ဝင်ခါနီးမှ မိစ္ဆာသားရဲတစ်ကောင်ကို တွေ့လိုက်ရ၏။ ၎င်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်နှင့် ညီမျှသော အဆင့်ရှစ် မိစ္ဆာသားရဲကြီး ဖြစ်သည်။
မူလက ၎င်းတို့ဟာ ဤသားရဲကို ဖြတ်ကျော်နိုင်ခဲ့ကြပေသည်။ သို့ရာတွင် တန်တန်က ထိုသားရဲဟာ သူတော်စင်ဝိညာဉ် ဂျင်ဆင်းဆေးနှစ်ပင်ကို စောင့်ကြပ်နေကြောင်း သတိပြုမိခဲ့သည်။
ထိုသူတော်စင်ဝိညာဉ် ဂျင်ဆင်းဆေးနှစ်ပင်က အဆင့်ရှစ်ဆေးပင်များဖြစ်၍ ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်မှ တည်ရှိမှုများကိုပင် တုန်လှုပ်စေခဲ့မည် ဖြစ်သည်။
BẠN ĐANG ĐỌC
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Phiêu lưuမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...