အပိုင်း ( 1546 ) နောက်ဆုံးလူ။
ယခုအချိန်တွင် သူက အစိုးရိမ်ဆုံးလူ ဖြစ်သည်။
ရှေးနတ်ဘုရားမျောက်ဝံမှ လုမင်ကို တိုက်ပွဲကွင်းပြင်မှ တွန်းချပစ်မည်ကို သူ မစောင့်နိုင်တော့ပေ။ လုမင်ဘက်က တန်ပြန်တိုက်ခိုက်ပြီး ရှေးနတ်ဘုရားမျောက်ဝံအား ဒဏ်ရာရရှိစေခဲ့ပါက အကောင်းဆုံး ဖြစ်မည်။ ထိုသို့ဆိုလျှင် ပြီးပြည့်စုံလိမ့်မည်။
ထိုနည်းအားဖြင့်၊ သူဟာ ရှေးနတ်ဘုရားမျောက်ဝံကို အလွယ်တကူအနိုင်ယူပြီး အောင်ပွဲခံနိုင်မည် ဖြစ်သည်။
သို့သော်လည်း ရှေးနတ်ဘုရားမျောက်ဝံ၏ အမြန်နှုန်းက နိမ့်ကျနေသည်။ သူ၏ တိုက်ခိုက်မှုများက ပြင်းထန်သော်လည်း လုမင်ကို မထိခိုက်စေနိုင်ခဲ့ပေ။
"မပြေးနဲ့"
ရှေးနတ်ဘုရားမျောက်ဝံက အော်ဟစ်လိုက်သည်။ သူက သံတုတ်ဖြင့် ဆက်လက်တိုက်ခိုက်နေသော်လည်း လုမင်ကို မထိနိုင်ဘဲ ဖြစ်နေ၏။လုမင်လည်း သူ့ကိုလျစ်လျူရှုပြီး ကျောက်ကြမ်းများကို သန့်စင်ရန်သာ အာရုံစိုက်ထားတော့သည်။
"ဂိုဏ်းတူညီလေးလုမင်၊ ကြိုးစားထား"
နဂါးနတ်ဘုရားတောင်ကြားဘက်တွင် ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့က အော်ဟစ်အားပေးလိုက်ကြသည်။"လုမင် နိုင်ရမယ်ကွ"
နဂါးနတ်ဘုရားတောင်ကြားမှ အခြားတပည့်များသည်လည်း အော်ဟစ်လိုက်၏။ယခုအခါ တင်းပေါင်ညီလာခံငယ်က ပြီးဆုံးရန် နီးကပ်လာခဲ့ပြီ။ နဂါးနတ်ဘုရားတောင်ကြားမှ တပည့်အများစုလည်း လုမင် အောင်ပွဲခံနိုင်ရန် မျှော်လင့်ခဲ့ကြသည်။ နောက်ဆုံးတွင်၊ တင်းပေါင်ညီလာခံမှာ နဂါးနတ်ဘုရားတောင်ကြားက ပထမနေရာကို မရရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။
ဟုတ်သည်၊ လုမင်ကို ရှုံးနိမ့်စေချင်သူ သူအနည်းစုတော့ ရှိသေးသည်။
ထိုသူများက ငွေနဂါးတောင်ကြားမှ တပည့်များနှင့် ဟဲယွိတို့ ဖြစ်သည်။
'ရှေးနတ်ဘုရားမျောက်ဝံသာ သူ့ကို အသေရိုက်သတ်လိုက်ရင် ကောင်းလိမ့်မယ်'
ဟဲယွိက မျက်လုံးကိုပြူးပြီး တိုက်ပွဲကွင်းပြင်ကို စိုက်ကြည့်နေခဲ့သည်။ လုမင် အနိုင်ရရှိမည်ကို သူ မလိုချင်ပေ။ ထိုအစား ရှေးနတ်ဘုရားမျောက်ဝံ၏ လက်ချက်ဖြင့် လုမင် သေဆုံးသွားရန် သူမျှော်လင့်ခဲ့သည်။
VOCÊ ESTÁ LENDO
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Aventuraမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...