1201 - 1205

339 33 0
                                    

အပိုင်း ( 1201 ) ရှန်းရွှီရှေးဟောင်းသတ္တု။

သွေးကဲ့သို့‌ အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသော ဓားအလင်းက ဟင်းလင်းပြင်ကို ဖြတ်သွားသည်။

"ရွှမ်း"
လူတိုင်း၏ အံ့အားသင့်နေသော မျက်လုံးများရှေ့တွင် အိခွမ်း အသွင်ပြောင်းထားသော ဧရာမမိကျောင်းကြီး နှစ်ခြမ်းကွဲသွားခဲ့၏။

ဧရာမမိကျောင်းကြီး၏ ခန္ဓာကိုယ်က စွမ်းအင်အလင်းများအဖြစ်သို့ လေထဲတွင် ကျဲပြန့် ကွယ်ပျောက်သွားတော့သည်။ အလင်းများထဲတွင် သွေးအလူးလူးနှင့် ပုံရိပ်တစ်ခုက ကသောမျောပါး ဆုတ်ခွာသွားခဲ့သည်။

၎င်းက အိခွမ်းသည်ပင်။ ဤအခိုက်တွင် သူ့မျက်နှာက ကြောက်ရွံ့မှုတို့ ပြည့်နှက်နေပြီး လက်တစ်ဖက်လည်း ပျောက်သွားသည်။

သူ့ဒဏ်ရာကို သွေးမထွက်အောင်ထိန်းရင်း လုမင်အား ထိတ်လန့်တကြား ကြည့်လိုက်၏။

ပတ်ဝန်းကျင်မှ အခြားလူငယ်များလည်း အံ့ဩထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများကို လှစ်ဟလာတော့သည်။

ဓားတစ်ချက်... ဓားတစ်ချက်တည်းဖြင့် လုမင်သည် အိခွမ်း၏ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို ဖျက်ဆီးပစ်လိုက်သည်။ ထို့ပြင် လက်တစ်ဖက်ကိုပါ ဖြတ်ပစ်လိုက်၏။ ထိုသို့သော တိုက်ခိုက်နိုင်စွမ်းမျိုးက တကယ်ကို အံ့ဖွယ်ကောင်းလှသည်။

ရှမ်းဟွမ်တိုက်ကြီးက အလွန်ကြောက်စရာကောင်းပေသည်။

ပထမတော့ လုံချန်ရှိခဲ့သည်။ ယခုအခါ ပို၍ပင် နားမလည်နိုင်သော ခံစားချက်နှင့် ဤလူငယ် ထွက်ပေါ်လာခဲ့ပြီ။

မူလက၊ ရှမ်းဟွမ်တိုက်ကြီးသည် လုံချန်ကဲ့သို့သော အစွမ်းထက်ပါရမီရှင်ကို ကံကောင်း၍ မွေးထုတ်ပေးနိုင်သည်ဟု သူတို့ထင်ခဲ့သည်။ သူ့အပြင် တခြားသူများက အမှိုက်ဖြစ်နေကြဆဲပင်။ သို့သော်လည်း ယခုအခါ သူတို့အားလုံး မှားယွင်းခဲ့မှန်း သိလာခဲ့ရပြီ ဖြစ်သည်။

ထိုစဉ်အခါက လုမင် လှုပ်ရှားရန် မလိုခဲ့ပေ။ လုံချန် တစ်ယောက်တည်းက ရှန်းအဲ့တိုက်ကြီးမှ လူအားလုံးကိုကိုင်တွယ်ပစ်ရန် လုံလောက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 (  ch 986 -   )ခွင့်ပြုချက်ရပြီးحيث تعيش القصص. اكتشف الآن