အပိုင်း ( 1081 ) ထိပ်တန်း ကျွမ်းကျင်သူသုံးဦးကို တစ်ယောက်တည်း ရင်ဆိုင်သည်။
၎င်းတို့က ထျန်းဝူဓားဂိုဏ်း၏ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
"ဂိုဏ်းတူအစ်ကို၊ သူ့နာမည်က လုရှောက်ချင်းပါ"
ဝူချန်ခုန်းက အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးကို ပြောလိုက်သည်။"ဟမ့်"
လူလတ်ပိုင်းကြီးက ခြေတစ်လှမ်းတိုးပြီး လုမင်ကို အေးစက်စက်ဖြင့် ကြည့်လိုက်၏။
"လုရှောက်ချင်း၊ မင်းက အတင့်ရဲပြီး ငါ့ထျန်းဝူဓားဂိုဏ်းရဲ့ ပါရမီရှင်တွေကိုထိခိုက်စေဝံ့တယ်။ ဒီကမ္ဘာမှာ မင်း ဆက်နေဖို့ မလိုတော့ဘူးလို့ ငါထင်တယ်"လူလတ်ပိုင်းက အစွမ်းထက် အရှိန်အဝါများနှင့် ကြီးမားသော ဖိအားကို ထုတ်ဖော်လိုက်၏။
အခြားလူများလည်း လှုပ်လှုပ်ရှားရှား အခြေအနေကြောင့် လှည့်ကြည့်လိုက်ကြသည်။
လုရှောက်ချင်းလား။
သူတို့အထဲတွင် ကျင်းခုန်းလင်၊ ကျွင်းယွဲ့နှင့် ရင်ပီဖိုတို့က အံ့အားသင့်ကြဆုံး ဖြစ်သည်။ ယခင်က လုမင်ကို သူတို့ တွေ့ဖူး၏။ ယခု ထပ်မံ တွေ့ရချိန်မှာတော့ သူတို့ အံ့သြရဆဲပင်။
"ဟင်၊ သူက ကံကောင်းသွားတဲ့ ငချွတ်လေး မဟုတ်ဘူးလား"
"ဟုတ်တယ်၊ အဲဒါ သူပဲ။ သူက ထျန်းဝူဓားဂိုဏ်းကို စော်ကားခဲ့တာလား။ သူ တကယ် သေချင်နေတာပဲ"
"ဒါပေမဲ့ ဝူချန်ခုန်းက သူ့လက်ထဲမှာ ရှုံးသွားတယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ။ မဟုတ်ရင် သူ့ကို ကူညီပေးဖို့ အရင်မျိုးဆက်ရဲ့ ကျွမ်းကျင်သူတွေကို အကူအညီတောင်းမှာ မဟုတ်ဘူးလေ။ သူ့ဘာသာပဲ လုပ်မှာပေါ့"
"အဲဒါက မဖြစ်နိုင်ဘူး မဟုတ်လား"
လူတော်တော်များများက လုမင်ကို မှတ်မိခဲ့ကကသည်။ သူတို့က ဆွေးနွေးပြောဆိုကာ အမျိုးမျိုး ခန့်မှန်းလိုက်၏။
လုမင်က လူလတ်ပိုင်းကို တစ်ချက်ကြည့်ပြီးနောက် ဝူချန်ခုန်းကိုကြည့်ကာ ပြောလိုက်သည်။
"ဝူချန်ခုန်း၊ နောက်ဆုံးတစ်ခေါက်က ငါ မင်းကို လွှတ်ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ မင်းက မှတ်ရကောင်းမှန်း မသိမှတော့ ငါကိုယ်တိုင် လိုက်ပို့ပေးမယ်"
ESTÁS LEYENDO
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Aventuraမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...