ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1031 ) ရှေးဟောင်းဆေးဥယျာဉ်။ဒဏ်ရာရရှိထားသော သွေးအေးနန်းတော်၏ ဝိညာဉ်နတ်ဘုရားသည် ယခင်က ဤတောထဲတွင်ရှိခဲ့သည်။ ယခုအခါ ထိုအလင်းတိုင်ကလည်း ဤတောတွင်း၌ ရှိခဲ့၏။ ဤကိစ္စများမှာ ဆက်စပ်နေမည်ဖြစ်ကြောင်း လုမင် တွေးမိသည်။
'ကြည့်ရတာ ဒီနေရာမှာ ရတနာတွေရှိရင်တောင် ရရှိဖို့တော့ လွယ်မှာမဟုတ်ဘူး။ ဒီနေရာမှာ ဝိညာဉ်နတ်ဘုရားတွေလည်း ရှိနေကြတာ သေချာတယ်'
လုမင် တစ်ယောက်တည်း တွေးလိုက်မိသည်။ သို့သော်လည်း သူဟာ နောက်ဆုတ်ရန်တော့ စိတ်ကူးမရှိပေ။ သူ၏ အရှိန်အဝါကိုထိန်းချုပ်ကာ တောထဲသို့ ဆင်းသက်သွားပြီး အလင်းတိုင်ဆီသို့ ပြေးသွားသည်။"ဝှစ် ဝှစ်"
အလင်းတန်းအနီးသို့ ရောက်ခါနီးတွင် အခြားလမ်းကြောင်းဘက်မှ ပျံလေတိုးသံများ ပေါ်လာသည်။ ၎င်းက လူသုံးယောက်နှင့် အဘိုးကြီးနှစ်ယောက်ဖြစ်ကြောင်း လုမင် သတိပြုမိ၏။ သူတို့က အလွန်မြင့်မားသော အရှိန်အဟုန်ဖြင့် အလင်းတန်းဆီသို့ ပျံသန်းသွားကြသည်။"အဲ၊ ဝင်္ကပါကြီးတစ်ခုပါလား"
အလင်းတိုင်အနီးသို့ ချဉ်းကပ်သောအခါ၊ လွန်စွာကြီးမားသော ဝင်္ကပါကြီးတစ်ခုက လွှမ်းခြုံထားကြောင်း လုမင် သတိပြုမိသွားသည်။ ဝင်္ကပါဘေးတွင် အက်ကြောင်းတစ်ခုရှိ၏။ အစိမ်းရောင် အလင်းတန်းကြီးက ထိုအက်ကြောင်းမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ထိုအက်ကြောင်းမှ အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေပေသည်။
ဝင်္ကပါကြီးတွင် အက်ကြောင်းတစ်ခု ကျိုးပေါက်သွားကြောင်း ထင်ရှားသည်။
"လုမင်၊ ဒီနေရာမှာ ဆေးဥယျာဉ်တစ်ခုရှိနေတာ ဖြစ်နိုင်တယ်။ ငါ ဝိညာဥ်ဆေးပင်တွေရဲ့ အနံ့ကို ရနေပြီ"
အစွမ်းကုန် ရှူရှိုက်ရင်း တန်တန်၏ နှာခေါင်းက လှုပ်ယမ်းသွားသည်။"ဆေးဥယျာဉ်လား။ ဒါက ဆေးဘုရင်တောင်ကြားရဲ့ ဆေးဥယျာဉ်ပဲလား"
လုမင် အံ့သြသွား၏။
VOUS LISEZ
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Aventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...