ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 996 ) ရှောင်ညီအစ်မများ၏ အကျပ်အတည်း။"အခု ငါတို့တွေ အသာစီးရဖို့ အရင်ဦးဆုံးလုပ်ရုံပဲ ရှိတော့တယ်။ မင်း လင်ယွင်ခုန်းဆီကို အခုသွားပြီး အ့လေ့နဲ့ အ့ဟွေ့ကို ဟန်ချင်းတောင်ဆီ တိုက်ရိုက်ခေါ်သွားခိုင်းဖို့ တယောက်ယောက်ကို လွှတ်ခိုင်းပါ။ ဒီအခါကျရင် ဘယ်သူ တားဝံ့ဦးမလဲ ကြည့်ရသေးတာပေါ့"
ရှောင်ဟုန်ယွင်၏ မျက်လုံးများက တောက်ပသောအလင်းများ လင်းလက်သွားခဲ့သည်။"ကောင်းပါပြီ အဖေ၊ ကျွန်တော် အခု လုပ်လိုက်မယ်"
ရှောင်နင်လည်း ခေါင်းညိတ်ပြကာ အခန်းထဲက အမြန်ထွက်သွားတော့သည်။.....……
လီရွှေမြို့ကို မြောက်များစွာဖြင့် ရေကန်များဖြင့် ဝန်းရံထားသည်။ အဆုံးမဲ့မြစ်များ၊ အင်းအိုင်များဖြင့် ဤနယ်မြေဟာ ရေအငွေ့အသက်များဖြင့် ပြည့်နှက်နေပေသည်။
နောက်တစ်နေ့တွင် လုမင်က လီရွှေမြို့၏ မြောက်ဘက်သို့ ဦးတည်သွားခဲ့သည်။
မိုင်တစ်သောင်းကျော်ခန့် ပျံသန်းလာပြီးသောအခါ မရေမတွက်နိုင်သော ရေကန်များကို မြင်လာခဲ့ရ၏။
ဤနေရာကို ရေကန်တစ်သောင်း လွင်ပြင်ဟု ခေါ်သည်။ ဤနေရာတွင် ရေကန်ပေါင်း တစ်သောင်းကျော်ရှိသည်ဟု ပြောဆိုကြ၏။
ဤတွင် မရေမတွက်နိုင်သော အရွယ်အစားအမျိုးမျိုးရှိ ရေကန်များ ရှိသည်။ အကြီးဆုံးက မိုင်တစ်သောင်းခန့်ကျယ်ဝန်းပြီး အသေးဆုံးကမူ မိုင်အနည်းငယ်သာ ကျယ်သည်။ အားလုံး စုပေါင်းလိုက်သည့်အခါမှာတော့ ၎င်းတို့က ဤကျယ်ပြောသော ဧရိယာကြီးကို ဖြစ်ပေါ်လာစေခဲ့ပေသည်။
လုမင်က ရေတာအိုကို နားလည်ဆင်ခြင်ရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ရေကန်များပေါ်တွင် လမ်းလျှောက်နေသည့် လူရိပ်များစွာကို မြင်တွေ့လိုက်ရသည်။
"ဝုန်း ဝုန်း"
ဓားချီများက ရေမျက်နှာပြင်တွင် ရံဖန်ရံခါ တောက်ပလာခဲ့၏။ လူသား တန်ခိုးရှင်များက ရေကန်အတွင်းရှိ သားရဲများကို သတ်ဖြတ်နေခဲ့ကြသည်။
![](https://img.wattpad.com/cover/344255810-288-k110747.jpg)
VOCÊ ESTÁ LENDO
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Aventuraမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...