1151 - 1155

361 37 1
                                    

အပိုင်း ( 1151 ) ပြိုင်ဘက်များကို ဆက်တိုက်သတ်ဖြတ်ခြင်း။

မည်မျှဝေးဝေး ရောက်လာပြီမသိ၊ ဟင်းလင်းပြင်က အက်ကွဲသွားကာ ရှဲ့လွမ်နှင့်လုမင် ထွက်လာခဲ့ကြသည်။

ထိုအချိန်တွင်၊ ရှဲ့လွမ်၏ခန္ဓာကိုယ်ပေါ်မှ နတ်ဆိုးစွမ်းအင်များက အလွန် မှိန်ဖျော့သွားခဲ့၏။

"လုမင်၊ ငါ အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ၊ ငါ့ရဲ့ နောက်ဆုံးစွမ်းအားလည်း ကုန်သွားပြီ။ ဟင်းလင်းပြင်ကို နောက်တစ်ခါ မဖြိုခွဲနိုင်တော့ဘူး။ အခု မင်းအပေါ်မှာ မူတည်သွားခဲ့ပြီ"
ရှဲ့လွမ်က ပြောလိုက်သည်။

လုမင်လည်း ခေါင်းညိတ်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူက တောင်နှင့်မြစ် ပန်းချီကားအတွင်း၌ ပုန်းအောင်းကာ နတ်ဘုရားတံခါး တံဆိပ်ကိုးခုကို ရှဲ့လွမ် နားလည်မည့်အချိန်အား စောင့်ဆိုင်းနေရန်‌စိတ်ကူးလိုက်သည်။

ထျန်းကျိလျှို့ဝှက်ကိရိယာ၏ အစီအစဉ်က တောင်နှင့်မြစ်ပန်းချီကားတွင် ပေါ်လာနိုင်မည်ဟု သူ မယုံပေ။

ထိုအချိန်တွင် ရှဲ့လွမ်၏ အကြည့်များက လှုပ်ရှားသွားခဲ့သည်။ သူက အဝေးကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်၏။
"အဆင့်ငါးနဲ့ အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားတွေတောင် ပျော်ရွှင်ပွဲကြီးမှာ ပါဝင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ လုမင်၊ အဆင့်ငါးနဲ့ အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားတွေနဲ့ ဆက်ဆံရတာ မင်းအတွက် ဘာပြဿနာမှ မရှိသင့်ဘူး၊ မဟုတ်လား။ ဒါက ငါ့အတွက် အားဆေးနည်းနည်း ဖြစ်နိုင်တယ်"

ထိုသို့ပြောဆိုပြီးနောက် ရှဲ့လွမ်က လုမင်၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး ပျောက်ကွယ်သွားတော့သည်။

လုမင်က လေထဲတွင် ရပ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

"ဝှစ် ဝှစ်"
မကြာမီ အဝတ်အစား လေတိုးသံများကို ကြားလိုက်ရသည်။ ဓားအလင်းများက လေထဲမှဖြတ်ကာ သူ့ဆီကို ပြေးလာခဲ့၏။

အလင်းငါးခု ပျောက်ကွယ်သွားပြီးနောက် လူရိပ်ငါးခု ပေါ်လာကာ လုမင်ကို စက်ဝိုင်းသဏ္ဍာန် ဝိုင်းထားလိုက်တော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 (  ch 986 -   )ခွင့်ပြုချက်ရပြီးحيث تعيش القصص. اكتشف الآن