အပိုင်း ( 1441 ) သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးကို ရရှိခြင်း။
သို့သော်လည်း လုမင်ကို အံ့အားသင့်စေသည်မှာ သူတော်စင်ချိုးဖြတ်ခြင်းဆေးကို ခဏသာ တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးက လုမင် ဖန်တီးထားသော ဧရာမလက်ကြီးကို ထိုးဖောက်သွားနိုင်ခဲ့ပေသည်။
ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေမှ ဖွဲ့စည်းထားသော ဧရာမလက်ကြီးသည်ပင် သူတော်စင် ချိုးဖြတ်ခြင်း ဆေးလုံးကို မတားဆီးနိုင်ခဲ့ပေ။
"ငါ့ရဲ့ တာအိုနယ်မြေအဆင့်က အရမ်းနိမ့်နေသေးတယ်"
လုမင် သက်ပြင်းချလိုက်သည်။ဤသည်မှာ ကစဉ့်ကလျားတာအိုနယ်မြေက အသုံးမဝင်သောကြောင့်မဟုတ်ဘဲ အဆင့် နိမ့်လွန်းသေးသောကြောင့်ဖြစ်မှန်း သူသိပေသည်။ ယင်းက အဆင့်တစ် တာအိုနယ်မြေတစ်ခုသာဖြစ်သောကြောင့် သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးကို မတားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် အခြားသူများပါ လှုပ်ရှားခဲ့ကြသော်လည်း သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးကို မည်သူမျှ မတားဆီးနိုင်ခဲ့ကြပေ။
ရုတ်တရက်၊ လုမင်၏ အတွေးတစ်ခုဖြင့် ပူဖောင်းလေးနှင့် တန်တန်က လုမင်၏ပခုံးပေါ်တွင် ပေါ်လာခဲ့သည်။
သူတို့ပါးစပ်မှာတော့ ဆေးရနံ့များက တထောင်းထောင်းထနေ၏။
"အခြားဝိညာဉ်ဆေးလား"
တန်တန်က ပေါ်လာသည်နှင့် တပြိုင်နက် မျက်လုံးဝေ့ကြည့်ကာ အော်လိုက်သည်။"တန်တန်၊ ပူဖောင်းလေး... ငါ့ကို သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးရအောင် ကူညီပေးကြပါ"
လုမင်က တန်တန်နှင့် ပူဖောင်းလေးကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။"တွိ၊ တွိ"
လုမင် စကားဆုံးသည်နှင့် ပူဖောင်းလေးက သူ့လက်သေးသေးလေးကို ဝှေ့ယမ်းလိုက်၏။ပူဖောင်းလေး လှုပ်ရှားလိုက်သည်နှင့် ဟင်းလင်းပြင်က လှိုင်းလုံးများကဲ့သို့ မြင့်တက်လာတော့သည်။
"ဝမ်"
သူတော်စင်ချိုးဖြတ်ခြင်း ဆေးလုံးက ပျံသန်းသွားသော်လည်း တစ်စုံတစ်ခုနှင့် ရုတ်တရက် တိုက်မိသွားသကဲ့သို့ အသံ ထွက်ပေါ်လာခဲ့သည်။
KAMU SEDANG MEMBACA
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Pertualanganမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...