1291 - 1295

224 27 0
                                    

အပိုင်း ( 1291 ) ဟွင်းယွမ်တာအိုနှင့် သတ်ဖြတ်ခြင်း စမ်းသပ်မှု။

"မြေတာအို၊ လေတာအို၊ မီးတာအို၊ မိုးကြိုးတာအိုနဲ့ ရေတာအို... မတူညီတဲ့ တာအိုငါးမျိုးကို အမှန်တကယ် ပေါင်းစပ်ထားတာပဲ။ မင်းက စမ်းသပ်မှု ဖြေဆိုဖို့အတွက် အရည်အချင်းပြည့်မီပါတယ်။ ဒါပေမဲ့ ဟွင်းယွမ်ကျမ်းကို ရယူချင်ရင်တော့... နောင်လာမဲ့ စမ်းသပ်မှုတွေကို မင်း အောင်မြင်အောင် ဖြတ်ကျော်ရလိမ့်မယ်"
ထူယီက လုမင်၏ ပတ်ဝန်းကျင်မှ တာအိုငါးခုကိုကြည့်ကာ အနည်းငယ် ခေါင်းညိတ်သည်။ သူ့မျက်လုံးထဲမှာတော့ မျှော်လင့်ချက် အရိပ်အယောင်များ တလက်လက်တောက်ပလာတော့သည်။

လုမင်လည်း တိတ်တဆိတ် တုန်လှုပ်သွားမိသည်။ ဟွင်းယွမ်ကျမ်းကို လေ့ကျင့်ရန် လိုအပ်ချက်များက ရူးသွပ်ဖွယ်ကောင်း၍ သူ အံ့ဩသွား၏။

ပထမဦးစွာ လူတစ်ဦးက လုံးဝကွဲပြားသော တာအိုငါးခုကို နားလည်သဘောပေါက်ရမည်။

ဥပမာအားဖြင့်၊ လုမင်၏ မြေ၊ ရေ၊ မီး၊ လေ၊ မိုးကြိုး တာအိုတို့က လုံးဝကွဲပြားသော တာအိုငါးမျိုး ဖြစ်သည်။

အကယ်၍ လုမင်က မြေတာအိုကို လေ့ကျင့်ထားပြီး တောင် တာအို သို့မဟုတ် မြေဆီတာအိုကို လေ့ကျင့်ထားပါက မဖြစ်နိုင်တော့ပေ။

အကြောင်းမှာ တောင်တာအို သို့မဟုတ် မြေဆီတာအိုတို့က မြေတာအိုနှင့် အမျိုးအစားတူသောကြောင့် ဖြစ်သည်။

တစ်နည်း၊ ရေတာအိုကို လေ့ကျင့်ထားပြီး ရေခဲတာအိုနှင့် အလားတူတာအိုကို လေ့ကျင့်ထားပါက မူလစွမ်းရည်များ တူညီသောကြောင့် မဖြစ်နိုင်တော့ချေ။

လုံးဝမတူညီ‌သော တာအိုငါးခုကို စတုတ္ထအဆင့်၏ ပြီးပြည့်စုံခြင်းအထိ လေ့ကျင့်ခြင်းက ပါရမီရှင် တစ်သန်းတွင် တစ်ဦးဖြစ်ခဲသည်။

ထို့ထက် ထိုတာအိုငါးခုစလုံးကို အောင်မြင်စွာ ပေါင်းစပ်ရန်က ပို၍ပင် ခက်ခဲလှပေသည်။

လုမင်ပင်လျှင် နဝနနဂါးသွေးမျိူးဆက်ကြောင့် မဟုတ်ပါက အောင်မြင်ရန် မဖြစ်နိုင်ချေ။

လုမင်မှလွဲ၍ ကမ္ဘာပေါ်တွင် ထိုသို့သောလိုအပ်ချက်ကို အောင်မြင်နိုင်သူက စိတ်ကူးကြည့်ရန် ခက်ခဲသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 (  ch 986 -   )ခွင့်ပြုချက်ရပြီးحيث تعيش القصص. اكتشف الآن