အပိုင်း ( 1211 ) ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားကို သတ်ဖြတ်ခြင်း။
ကြယ်နှစ်စင်း တိုက်မိသကဲ့သကို့ ငရဲဖိနှိပ်ကျောက်စာချပ်နှင့် ဥက္ကာခဲက ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျများကလည်း အရပ်ရပ်သို့ လွင့်စဥ်သွား၏။ ဤစွမ်းအင်လှိုင်းများကြောင့် မရေမတွက်နိုင်သော ကျောက်စာတိုင်များ အမှုန့်ဖြစ်သွားကြတော့သည်။
"ဝုန်း"
ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော မီးတောက်များနှင့် ဥက္ကာခဲကြီးကတော့ အောက်ဘက်ကို ပြုတ်ကျသွား၏။ မြေပြင်တွင် မီးတောင်ဝကဲ့သို့ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။ပြီးပြည့်စုံသေ ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူက လုမင်၏ပြိုင်ဘက် မဖြစ်နိုင်ပေ။ သူဟာ အကြွင်းမဲ့ အရေးနိမ့်သော အနေအထားသို့ ကျရောက်သွားခဲ့သည်။
မနီးမဝေးမှ မုကြွယ်လည်း ဤမြင်ကွင်းကိုကြည့်ကာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။ ယင်းက ကြောက်စရာကောင်းလွန်းသည်။ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူပင်လျှင် သူ၏ပြိုင်ဘက် မဟုတ်ပေ။ ယင်းက ဘယ်လိုခွန်အားမျိုး ဖြစ်သနည်း။
"ဖိနှိပ်"
ငရဲဖိနှိပ် ကျောက်စာချပ်အတွင်းမှ အေးစက်ပြီး မထူးမခြားနားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ငရဲဖိနှိပ်ကျောက်စာချပ်က ဧရာမ ဥက္ကာခဲကြီးကို ဆက်လက် ဖိနှိပ်လိုက်၏။"ဝုန်း"
ဤအခိုက်တွင် ကြီးမားလှသော လက်ဝါးကြီးတစ်ခုက ဘေးဘက်မှ ပေါက်ကွဲထွက်ကာ ငရဲဖိနှိပ်ကျောက်စာချပ်ကို တားဆီးလိုက်သည်။ ၎င်းက နောက်ထပ် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည်ပင်။"ဝုန်း"
ဤအခွင့်အရေးကိုဆုပ်ကိုင်ကာ ဧရာမဥက္ကာခဲကြီးက မြေပြင်မှ ပျံထွက်သွားပြီး အခြား ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနှင့် ပေါင်းလိုက်သည်။"အတူတူတိုက်ခိုက်ကြရအောင်။ ဒီကောင်လေးက မကောင်းဆိုရွားပဲ"
ဧရာမ ဥက္ကာခဲကြီးအတွင်းမှ အံ့ဩထိတ်လန့်နေသော အသံတစ်ခု ထွက်လာခဲ့သည်။
ESTÁS LEYENDO
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Aventuraမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...